Connect with us

Latin America

ပီရူးအာဏာပိုင်များက စစ်တပ်အရာရှိ၂၇ ဦးကို လောင်စာဆီခိုးမှုဖြင့် ဖမ်းဆီ

ပီရူးနိုင်ငံလီမာမြို့၌၂၀၁၅ ခုနှစ်မတ်လတွင် ပြုလုပ်ခဲ့သော ရဲလေ့ကျင့်မှု အစီအစဉ်တစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

လီမာ ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံအစိုးရအာဏာပိုင်များက ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လောင်စာဆီခိုးထုတ်မှုများဖြင့် အဆင့်မြင့်စစ်ဘက်အရာရှိအချို့အပါအဝင် ပီရူးစစ်တပ်မှ အရာရှိ ၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသမီဒီယာက ဒီဇင်ဘာ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ကနဦး ၁၀ ရက်ကြာပြုလုပ်သော စုံစမ်းစစ်ဆေးမှု တစ်ခုအတွင်း ပီရူးစစ်တပ်မှ ဗိုလ်ချုပ်ကြီး Augusto Villarroel ၊ ဗိုလ်ချုပ်ကြီး Carlos Mayca နှင့် ဗိုလ်ချုပ်ကြီး Moises Chavez တို့အပါအဝင် အခြားစစ်ဘက် အရာရှိ ၂၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် Andina သတင်းအေဂျင်စီက ဆိုသည်။

၎င်းတို့သည် ပီရူးနိုင်ငံတစ်ဝှမ်းရှိ အဓိက မြို့ကြီးများဖြစ်သော လီမာ(Lima) ၊ အရီကွီပါ(Arequipa) ၊ ကာဂျေမာကာ(Cajamarca) ၊ ဟန်ကာဗီလီကာ(Huancavelica) ၊ မိုယိုဘမ်ဘာ(Moyobamba) နှင့် ကပ်စီကို(Cusco) စသည့် မြို့များတွင် လောင်စာဆီဖြန့်ဖြူးမှုစင်တာများမှတစ်ဆင့်  ဆီခိုးထုတ်ယူမှုများကို စနစ်တကျကျူးလွန်ခဲ့ကြောင်း သံသယရှိနေသည်။

ပြီးခဲ့သော ၅ နှစ်အတွင်း လောင်စာဆီခိုးထုတ်ခံရမှုကြောင့် တန်ဖိုး ပီရူးငွေ ဆိုးလ်စ် ၃ သန်း ( အမေရိကန်ဒေါ်လာ ၉၀၀,၀၀၀) ထိ ဆုံးရှုံးနစ်နာခဲ့ရကြောင်း ပီရူးနိုင်ငံရေဒီယိုအသံလွှင့်ဌာန Programas del Peru က ခန့်မှန်းထားသည်။အဆိုပါလောင်စာဆီခိုးထုတ်မှုကို ဖော်ထုတ်နိုင်ရန် ပီရူးစစ်တပ်အနေဖြင့်  အစိုးရရှေ့နေချုပ်ရုံးနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင် အရ သိရသည်။“ အစိုးရရဲ့ အာဂတိလိုက်စားမှု တိုက်ဖျက်ရေး မူဝါဒကို စောင့်ထိန်းလိုက်နာခြင်းနဲ့အတူ  အကျင့်ပျက်ခြစားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နှိမ်နင်းသွားဖို့ ကာကွယ်ရေးကဏ္ဍ အစီအစဉ်မူဘောင်အတွင်းက ဆက်လက်လုပ်ဆောင်သွားမယ့်အကြောင်းကို ထပ်လောင်းအတည်ပြုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား သည်။(Xinhua)