Connect with us

Latin America

ပီရူးနိုင်ငံ၌ ဘတ်စ်ကားတိမ်းမှောက်မှုတွင် သေဆုံးသူ ၃၆ ဦးထိ မြင့်တက်လာ


လီမာ၊ဇန်နဝါရီလ ၃ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ၏ မြို့တော် နှင့် ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော လီမာမြို့အနီး၌ ဇန်နဝါရီလ ၂ ရက်တွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၃၆ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

“အခုချိန်ထိ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၃၆ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရထားပါတယ်လို့ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ် ” ဟု ပီရူးနိုင်ငံအမျိုးသားသတင်းအေဂျင်စီမှ Andina က ဆိုသည်။

အဆိုပါ ဘတ်စ်ကားပေါ်တွင် ခရီးသည် ၅ဝ ဦးလိုက်ပါလာပြီး မွန်းတည့်ချိန့်ခန့်တွင် မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော ကုန်တင်ကားတစ်စီး နှင့် တိုက်မိခဲ့ကြောင်း ၊ အခင်းဖြစ်နေရာသည် လီမာမြို့မှ မြောက်ဘက် ၄၈ ကီလိုမီတာကွာဝေးကြောင်း ၊ ၎င်းနေရာကို Pasamayo ဟု ခေါ်ဆိုကြောင်း သိရသည်။

ပီရူးနိုင်ငံ၌ ယာဉ်မတော်တဆမှုအတွင်း ဒဏ်ရာရသူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ပီရူးနိုင်ငံ၌ ယာဉ်မတော်တဆမှုအတွင်း ဒဏ်ရာရသူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ပီရူးနိုင်ငံ၌ ယာဉ်မတော်တဆမှုအတွင်း ဒဏ်ရာရသူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကုန်တင်ကားသည် တစ်ဖက်ယာဉ်ကြောထိ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၊ မတော်တဆမှုဖြစ်စဉ်အတွက် ပြစ်တင်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဘတ်စ်ကား၏ အပျက်အစီးပိုင်းများကို အဝေးပြေးလမ်းတစ်လျှောက် အခင်းဖြစ်နေရာမှ မီတာ ၁ဝဝ ထိ လွင့်စင်ထွက်သွားသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းယာဉ်မတော်တဆမှုသည် ယာဉ်အန္တရာယ်ကွေ့တစ်ခုဖြစ်သည့် “ မရဏကွေ့” ဟုခေါ်သော နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးသမားများသည် ရဟတ်ယာဉ်များကို အသုံးပြု၍ ရုပ်အလောင်းများကို သယ်ဆောင်နေကြောင်း နှင့် ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးနေကြောင်း သိရသည်။

“ မီးသတ်သမားတွေက ဘတ်စ်ကားထဲမှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကို ထုတ်နိုင်ဖို့ကြိုးပမ်းနေပါတယ်” ဟု ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.