Connect with us

Latin America

ဘရာဇီး နိုင်ငံ တွင် ထောင်ဆူမှု ဖြစ်ပွား ခဲ့ရာ အကျဉ်းသား ၉ ဦး သေဆုံး ၁၄ ဦး ဒဏ်ရာရရှိ

၂၀၁၇ ခုနှစ် တွင် ဘရာဇီး နိုင်ငံ ရှိ အကျဉ်းထောင် တစ်ခု ထောင်ဆူမှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ဘရာဇီး နိုင်ငံ Goiás ပြည်နယ် ရှိ အကျဉ်းထောင် တစ်ခု တွင် ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းအချိန်တွင် ထောင်ဆူမှု ဖြစ်ပွား ခဲ့ရာ အကျဉ်းသား ၉ ဦး သေဆုံး ခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း အကျဉ်းထောင် စီမံအုပ်ချုပ်ရေး ဌာန ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

ထုတ်ပြန်ချက်တွင် ထောင်ဆူမှု သည် ဇန်နဝါရီ ၁ ရက်နေ့ ၁၄ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထောင်တွင်းရှိ ဂိုဏ်းနှစ်ခု အချင်းချင်း တိုက်ခိုက်မှု မှ စတင် ခဲ့ကြောင်း ၊ အခင်းဖြစ်ပွားစဉ် အကျဉ်းသား အချို့ က မီးရှို့မှုများ ဆောင်ရွက်ခဲ့ပြီး အကျဉ်းသား ၁၀၆ ဦးမှာလည်း အခင်းဖြစ်ပွားစဉ် ထွက်ပြေးခဲ့ကြရာ လက်ရှိချိန်တွင် ၂၉ ဦးအား ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ အနေဖြင့် အကျဉ်းထောင် အထူးရဲတပ်ဖွဲ့ ကို စေလွှတ် ခဲ့ကာ အခြေအနေ ကို ထိန်းချုပ် နိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ အနေဖြင့် လည်း မီးငြိမ်းသတ်မှု များကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဘရာဇီး နိုင်ငံ တွင် လတ်တလော နှစ်ပိုင်းတွင် ထောင်ဆူမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ ၌ ဖြစ်ပွား ခဲ့သည့် ထောင်ဆူမှုတွင် လူပေါင်း ၅၆ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117