Connect with us

Latin America

ချီလီနိုင်ငံ မြောက်ပိုင်းတွင် ဘတ်စ်ကား ချောက်ထဲပြုတ်ကျမှုကြောင့် လူ ၂၁ ဦးသေဆုံး

ချီလီနိုင်ငံတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်တီရာဂို၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံ မြောက်ပိုင်းရှိ ချောက်တစ်ခုအတွင်း ခရီးသည်တင်ဘတ်စ်ကားတစ်စီး ပြုတ်ကျပြီးနောက် လူ ၂၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ဖြစ်ရပ်သည် အန်တိုဖာဂတ်စ်တာပြည်နယ်ရှိ တဲတယ်လ်ရပ်ကွက်အနီး ဒီဇင်ဘာ ၁ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကာ အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တဲတယ်လ်ပြည်နယ် အစိုးရရှေ့နေ ရီကာဒို ကက်စထရို (Ricardo Castro) က သတင်းထောက်များအား ပြောခဲ့သည်။

နှစ်ထပ်ဘတ်စ်ကားတစ်စီးသည် ခရီးသည် ၅၀ ဦးလိုက်ပါလာပြီး Ovalle မြို့သို့ သွားရောက်ရန် အန်တိုဖာဂတ်စ်မြို့မှ ဒေသစံတော်ချိန် ည ၈:၃၀ နာရီခန့်က ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

သတင်းများအရ အဆိုပါ ဘတ်စ်ကားသည် အချိန်ကုန်သက်သာစေရန် အဝေးပြေးလမ်းပေါ်သို့ အခြားလမ်းကြောင်းတစ်ခုမှ မောင်းနှင်လာခြင်းဖြစ်ပြီး လမ်းဆင်ခြေလျှောနေရာအရောက်တွင် ယာဉ်ကို အရှိန်မထိန်းနိုင်ဖြစ်သွားခဲ့ကြောင်း သိရသည်။

ဘတ်စ်ကား ချောက်ထဲပြုတ်ကျမှုတွင် သေဆုံးခဲ့သူများအတွက် “အလွန်” ဝမ်းနည်ကြောင်း ချီလီနိုင်ငံ သမ္မ စီဘတ်တီယံ ပီနဲရာ (Sebastian Pinera) က တွစ်တာပေါ်၌ ရေးသားခဲ့သည်။

ဒဏ်ရာရသူများအား ဆေးကုသမှုခံယူရန် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.