Connect with us

Latin America

ဘရာဇီး နိုင်ငံ အရှေ့တောင်ပိုင်းတွင် ကားအများ ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၁ ဦး သေဆုံး

စက်တင်ဘာ ၁၀ ရက်နေ့၌ ဘရာဇီး နိုင်ငံ အရှေ့တောင်ပိုင်း Espírito Santo ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် ယာဉ်တိုက်မှု အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘရာဆီးလီးယား ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ စက်တင်ဘာ ၁၀ ရက်နေ့၌ ဘရာဇီး နိုင်ငံ အရှေ့တောင်ပိုင်း Espírito Santo ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် ကားအများ ဆင့်တိုက်မှုကြောင့် လက်ရှိချိန်တွင် လူပေါင်း ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရှိခဲ့ရသည်။

သတင်းဖော်ပြချက်များတွင် Espírito Santo ပြည်နယ် အများပြည်သူလုံခြုံရေး ဌာန က ဒေသစံတော်ချိန် စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းအချိန်၌ အမှတ် ၁၀၁ ပြည်ထောင်စုလမ်းမကြီးတွင် ကုန်တင်ကားတစ်စင်းသည် ရုတ်တရက် ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ခရီးသည်ယာဉ် တစ်စင်းကို ဝင်တိုက်မိရာ မှ ဘီယာတင်ဆောင်သည့် ကားအား ထပ်မံ တိုက်မိကာ ကားအများဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်း ခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုအတွင်း ဘီယာတင်ဆောင်လာသည့် ကား မှ ယာဉ်မောင်း မှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး ခရီးသည်ယာဉ် ကားပေါ်ရှိ ယာဉ်မောင်း နှင့် ခရီးသည် စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ရပြီး ကျန် တစ်ဦး မှာ လက်ရှိချိန်တွင် ဆေးဝါး ကုသမှု ခံယူနေကြောင်း သိရှိရသည်။

ဘရာဇီး နိုင်ငံ အရှေ့တောင်ပိုင်း Espírito Santo ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် အဆိုပါ ယာဉ်တိုက်မှု နှင့် ပတ်သက်၍ အခင်းဖြစ်ပွားရသည့် အကြောင်းရင်း အားလက်ရှိချိန်တွင် စုံစမ်းစစ်ဆေးမှု များဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.