Connect with us

Latin America

ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ ပညာရှင်များ ဗင်နီဇွဲလား နိုင်ငံ သို့ ရောက်ရှိကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန အတည်ပြု

ဗင်နီဇွဲလား နိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ ပညာရှင်များ အနေဖြင့် ဗင်နီဇွဲလား နိုင်ငံ နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရန် အတွက် ဗင်နီးဇွဲလား နိုင်ငံ သို့ ရောက်ရှိနေပြီး ယင်းဆောင်ရွက်မှု က ဗင်နီဇွဲလား နိုင်ငံ အခြေခံဥပဒေ နှင့် အခြား ဥပဒေ များနှင့် ကိုက်ညီကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန က ရုရှား နိုင်ငံ နှင့် ဗင်နီဇွဲလား တို့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရာတွင် တရားဥပဒေ အား လေးနက်စွာ လိုက်နာခဲ့ကြောင်း ၊ ရုရှား နိုင်ငံ ပညာရှင်များ အနေဖြင့် ၂၀၀၁ ခုနှစ် တွင် နှစ်နိုင်ငံ အစိုးရ ချုပ်ဆိုခဲ့သော စစ်ဘက်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု စာချုပ်အရ ဗင်နီဇွဲလား နိုင်ငံ သို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း ၊ ယင်းစာချုပ် မှာလည်း သက်ဆိုင်ရာ ခွင့်ပြုချက်များ ရရှိခဲ့ပြီးဖြစ်ကာ ဗင်နီဇွဲလား နိုင်ငံ ပြည်သူ့လွှတ်တော် ၏ ခွင့်ပြုချက် ထပ်မံ ရရှိရန် မလိုအပ်ကြောင်း ပြောကြား ခဲ့သည်။

သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ရုရှား နိုင်ငံ Ilyushin Il-62 ခရီးသည်တင် လေယာဉ် နှင့် Antonov An-124 Ruslan ပို့ဆောင်ရေး လေယာဉ် တို့က ဗင်နီဇွဲလား နိုင်ငံ မြို့တော် အနီးရှိ လေဆိပ် သို့ ဆိုက်ရောက် ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ဗင်နီဇွဲလား နိုင်ငံ သို့ လာရောက်ခြင်း က စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ခြင်း ၊ သင်တန်းပို့ချခြင်း နှင့် မဟာဗျူဟာ ဆိုင်ရာ ဆွေးနွေးမှုများ ဆောင်ရွက်ရန် အတွက် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဗင်နီဇွဲလား နိုင်ငံ သမ္မတ က ယခင်နှစ် မေလပိုင်းတွင် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီ လ တွင် ဒုတိယ သက်တမ်းအား စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် ဗင်နီဇွဲလား နိုင်ငံ အတိုက်အခံ ပါတီဝင် နှင့် လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ က ရွေးကောက်ပွဲ ရလာဒ် အား လက်မခံဘဲ ဇန်နဝါရီ ၂၃ ရက် တွင် မိမိ အား ယာယီ သမ္မတ ဖြစ်ကြောင်း ကြေညာ ခဲ့ကာ အမေရိကန် ၊ ဥရောပ နှင့် လက်တင်အမေရိက နိုင်ငံများ ၏ ထောက်ခံအားပေးမှု ကိုရရှိခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် နိုင်ငံခြားရေး နှင့် နိုင်ငံရေး နည်းလမ်းအရ ငြိမ်းချမ်းစွာဖြင့် ဗင်နီဇွဲလား နိုင်ငံရေး အခက်အခဲ အား ဖြေရှင်းရန် တိုက်တွန်း ခဲ့ကြကြောင်း သိရှိရသည်။(Xinhua)