Connect with us

Latin America

ဗင်နီဇွဲလား နိုင်ငံ လျှပ်စစ် ဓာတ်အားပေးရေး စနစ် ပြန်လည် တည်ဆောက်မှု စတင်

ဗင်နီဇွဲလား နိုင်ငံ ကာရာကာ့စ် မြို့ လယ်အား တွေ့ ရစဉ်(ဆင်ဟွာ)

ကာရာကာ့စ် ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံ၏ အမျိုးသား လျှပ်စစ် ဓာတ်အား စနစ်အား ယခုလအတွင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း အဆင့် အသစ် တစ်ခုအား စတင်ခဲ့ကြောင်း ဗင်နီဇွဲလား ဆက်သွယ်ရေး ဝန်ကြီး Jorge Rodriguez က မတ် ၂၈ ရက်တွင် ကြေညာခဲ့သည်။

“ကျွန်တော်တို့ဟာ ပြန်လည် တည်ဆောက်ရေး အဆင့်သစ် တစ်ခုကို ရောက်ရှိနေပြီး အမျိုးသား လျှပ်စစ် ဓာတ်အား စနစ် နှင့် လောင်စာဆီသုံး စက်ကရိယာတွေကို အရွယ်အစား ပြောင်းလဲနေပါတယ်။”ဟု ၎င်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။နိုင်ငံ၏ အဓိက စက်ရုံ ဖြစ်သည့် ဂူရီ ရေအားလျှပ်စစ် စက်ရုံသည် မတ် ၂၅ ရက်တွင် တိုက်ခိုက်ခံရပြီးနောက် ပြည်သူများ အနေဖြင့် လျှပ်စစ်မီးကို ချွေတာ သုံးစွဲကြရန်လည်း Rodriguez က ပြောကြားခဲ့သည်။ကာရာကာ့စ် မြို့တွင် မတ် ၂၅ ရက်က လျှပ်စစ်မီး မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် မတ် ၂၈ ရက်တွင် လျှပ်စစ် ဓာတ်အား ပြန်လည် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလား နိုင်ငံတွင် မတ်လ ၇ ရက်တွင် လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုအား အကြီးအကျယ် ပထမဆုံး အကြိမ် ကြုံတွေ့ခဲ့ရပြီး နိုင်ငံသည် လျှပ်စစ်မီး ပြတ်တောက်မှု ငါးရက်တာ ကြာမြင့်ခဲ့ရသည်။ အဆိုပါ တိုက်ခိုက်မှုသည် ဂူရီ လျှပ်စစ် ဓာတ်အား စက်ရုံ အလယ်ဗဟိုကို တိုက်ခိုက်သည့် Cyber စစ်ဆင်ရေး ဖြစ်ကြောင်း Rodriguez က ပြောကြားခဲ့သည်။Rodriguez က ၎င်းတို့အနေဖြင့် စတင် စုံစမ်း ထောက်လှမ်းမှုများ အရ အမျိုးသား လျှပ်စစ် ဓာတ်အား စနစ်ကို အနည်းဆုံး အဖျက်အမှောင့် လုပ်ငန်း ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117