Connect with us

North America

အမေရိကန် တက္ကဆက်ပြည်နယ်၌ ၁၈ ဘီးကားအတွင်း တွေ့ရှိခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများ၏ သေဆုံးမှုအရေအတွက် ၅၀ ဦးအထိ မြင့်တက်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆမ်အန်တိုနီယိုမြို့၌ လူမှောင်ခိုကူးခံရခြင်းကြောင့် အစုပြုံလိုက် လူသေဆုံးမှုအခင်းဖြစ်ရပ်နေရာအား ဇွန် ၂၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်-အလယ်ပိုင်း တက္ကဆက်ပြည်နယ်အတွင်းရှိ အဓိကမြို့တစ်မြို့ ဖြစ်သည့် ဆမ်အန်တိုနီယိုမြို့၌ ၁၈ ဘီးကားပုံစံတူပြုလုပ်ထားကာ စွန့်ပစ်ထားသည့် ယာဉ်တစ်စီးအတွင်း ဇွန် ၂၇ ရက်တွင် တွေ့ရှိခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများ၏ သေဆုံးမှုအရေအတွက်မှာ ၅၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်ဆိုးသည် မကြာသေးမီက အမေရိကန်သမိုင်းတွင် အသေအပျောက်အများဆုံး ရွှေ့ပြောင်းလူမှောင်ခိုကူးမှုများအနက် တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆမ်အန်တိုနီယိုမြို့၌ လူမှောင်ခိုကူးခံရခြင်းကြောင့် အစုပြုံလိုက် လူသေဆုံးမှုအခင်းဖြစ်ရပ်နေရာ၌ လူအများစုဝေးနေသည်ကို ဇွန် ၂၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆမ်အန်တိုနီယိုမြို့၌ လူမှောင်ခိုကူးခံရခြင်းကြောင့် အစုပြုံလိုက် လူသေဆုံးမှုအခင်းဖြစ်ရပ်နေရာအား စောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ဇွန် ၂၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆမ်အန်တိုနီယိုမြို့၌ လူမှောင်ခိုကူးခံရခြင်းကြောင့် အစုပြုံလိုက် လူသေဆုံးမှုအခင်းဖြစ်ရပ်နေရာအား စောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဇွန် ၂၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အခင်းဖြစ်နေရာ၌ လူ ၄၆ ဦးအား သေဆုံးလျက် တွေ့ရှိခဲ့ပြီး အခြားသူလေးဦးမှာမူ နောက်ပိုင်းတွင် နယ်မြေဆေးရုံများ၌ သေဆုံးသွားခဲ့ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard ၏ ပြောကြားချက်ကို ကိုးကား၍ Texas Public Radio က သတင်းထုတ်လွှင့်ခဲ့သည်။
သေဆုံးသူများအနက် ၂၂ ဦးမှာ မက္ကဆီကိုနိုင်ငံသားများဖြစ်ပြီး ၇ ဦးမှာ ဂွာတီမာလာနိုင်ငံမှ ဖြစ်ကြောင်း ၊ ၂ ဦးမှာ ဟွန်ဒူးရပ်စ်နိုင်ငံမှ ဖြစ်ကာ ကျန် ၁၉ ဦးမှာ မည်သူမည်ဝါဟူ၍မသိရသေးကြောင်း ဝန်ကြီး Marcelo Ebrard က ပြောကြားခဲ့သည်။

ကလေးငယ် လေးဦးအပါအဝင် အခြားသူ ၁၆ ဦးထက်မနည်းကို အပူရှိန်ကြောင့် အားအင်ကုန်ခမ်းခြင်း နှင့် ရေဓာတ်ခမ်းခြောက်ခြင်းတို့ကြောင့် နယ်မြေဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အဆိုပါ ၁၈ ဘီးနောက်တွဲယာဉ်ကားအတွင်း လူပေါင်း ၁၀၀ နီးပါး ပြည့်ကျပ်စွာ လိုက်ပါခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တစ်စုံတစ်ဦးက တာဝန်ရှိသူများအား ရှောင်လွှဲနိုင်ရန်အလို့ငှာ South Texas ကုန်ပို့ဆောင်ရေးလုပ်ငန်းကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် ထရပ်ကားတစ်စီးအဖြစ် အမေရိကန် သယ်ယူပို့ဆောင်ရေးဌာနနှင့် Texas DOT တို့မှ သတ်မှတ်ထားသည့် နံပါတ်များနှင့် အရောင်တူ ပုံတူပွားထားသည့် ထရပ်ကားဖြင့် ရွှေ့ပြောင်းဒုက္ခသည်များအား သယ်ဆောင်လာခဲ့ကြောင်း San Antonio Express-News က သတင်းဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က လူသုံးဦးအား ဖမ်းဆီးထိန်းသိမ်းထားသော်လည်း ၎င်းတို့သည် ဖြစ်ရပ်ဆိုးတွင် ပါဝင်ပတ်သတ်ခဲ့ခြင်း ရှိမရှိဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ဆမ်အန်တိုနီယိုရဲတပ်ဖွဲ့အကြီးအကဲ William McManus က ဇွန် ၂၇ ရက် ညပိုင်းတွင် ပြုလုပ်သော ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် ဇွန် ၁၇ ရက် ညနေပိုင်းက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အနီးတစ်ဝိုက်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု လက်ခံရရှိခဲ့ကြောင်း ၊ ၎င်းသည် မြို့၏ အနောက်တောင်ပိုင်းရှိ ၁၈ ဘီးကားမှ အကူအညီတောင်းငိုကြွေးသံတစ်သံအား ကြားခဲ့ရသဖြင့် ကားအနီး ချဉ်းကပ်လျက် နောက်တွဲယာဉ်၏ တစ်စိတ်တစ်ပိုင်းဖွင့်လှစ်ထားသောတံခါးများမှ ယာဉ်အတွင်းသို့ ကြည့်ရှုခဲ့ရာ ရုပ်အလောင်းများကို တွေ့မြင်ခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ William McManus က ပြောကြားခဲ့သည်။

ယာဉ်အတွင်း အသက်ရှင်လျက် တွေ့ရှိခဲ့ရသူများအား ထိတွေ့ရာတွင် ပူလောင်နေကြပြီး အပူရှပ်ခြင်းနှင့် ပင်ပန်းနွမ်းလျခြင်းများ ခံစားနေကြရကြောင်း ၊ ၎င်းတို့သည် အအေးခန်းနောက်တွဲယာဉ်ပါ ကုန်တင်ယာဉ်အတွင်း ရေရရှိသည့် လက္ခဏာမရှိကြောင်းနှင့် လေအေးပေးစက် လည်ပတ်မှု မရှိကြောင်း ဆမ်အန်တိုနီယို မီးသတ်အကြီးအကဲ Charles Hood ၏ ပြောကြားချက်အရ သိရသည်။

ဆမ်အန်တိုနီယိုမြို့၏ အပူချိန်သည် ဇွန် ၂၇ ရက်တွင် ၁၀၁ ဒီဂရီဖာရင်ဟိုက် (၃၈ ဒသမ ၃ ဒီဂရီစင်တီဂရိတ်)အထိ မြင့်တက်ခဲ့ပြီး လူများပြည့်ကျပ်စွာလိုက်ပါလာသည့် နောက်တွဲယာဉ်အတွင်းရှိ အပူရှိန်သည် ယင်းထက်ပိုမိုမြင့်မားဖွယ်ရှိကြောင်း U.S. National Weather Service ထံမှ သိရသည်။
ဆမ်အန်တိုနီယို မြို့တော်ဝန် Ron Nirenberg က “ခိုလှုံခွင့်တောင်းခံတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းတစ်ခုအနေနဲ့ အမြဲတမ်းသဘောထား မှတ်ယူသင့်ပါတယ်။ ဒါပေမဲ့ ဒီညနေခင်းမှာတော့ ကျွန်တော်တို့ဟာ ကြောက်မက်ဖွယ်လူသေဆုံးမှုနဲ့ ကြုံတွေ့နေရတယ်”ဟု ဇွန် ၂၇ ရက်က တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ဒုတိယသက်တမ်းအတွက် ကြိုးပမ်းနေသည့် တက္ကဆက်ပြည်နယ် ရီပက်ဘလစ်ကန်အုပ်ချုပ်ရေးမှူး Greg Abbott က ဇွန် ၂၇ ရက် ညပိုင်းတွင် အဖြစ်ဆိုးအတွက် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး “ဒီသေဆုံးမှုတွေက ဘိုင်ဒန်ကြောင့်ပါ ။ ဒါတွေဟာ သူရဲ့ ဆိုးရွားတဲ့ နယ်စပ်တံခါးဖွင့်မူဝါဒတွေရဲ့ ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။”ဟု တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။
၂၀၁၇ ခုနှစ် ဇူလိုင်လတွင်လည်း ဆမ်အန်တိုနီယိုမြို့၌ လူ ၃၉ ဦးအား ပြည့်ကျပ်စွာတင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီးအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Death toll of migrants found inside 18-wheeler in U.S. Texas rises to 50
Source: Xinhua Editor: huaxia 2022-06-29 07:54:13

Temperatures in San Antonio climbed to 101 degrees Fahrenheit (38.3 degrees centigrade) on Monday, while the heat in a packed trailer was likely way higher than that, according to the U.S. National Weather Service.
HOUSTON, June 28 (Xinhua) — The death toll of migrants found on Monday inside a “cloned” and abandoned 18-wheeler in San Antonio, a major city in south central U.S. state Texas, has risen to 50, authorities said on Tuesday. The tragedy appeared to be one of the deadliest migrant-smuggling operations in recent U.S. history, local media reported.
Forty-six people were found dead at the scene and four others were later pronounced dead at area hospitals, Texas Public Radio reported, citing Mexican Foreign Minister Marcelo Ebrard.
Ebrard said 22 were Mexican nationals, seven were from Guatemala, two were from Honduras, and the remaining 19 dead have not yet been identified.
At least 16 others, including four children, were taken to area hospitals due to heat exhaustion and dehydration, local officials said at a news conference. Nearly 100 people were reportedly packed inside the trailer of the 18-wheeler.
The San Antonio Express-News reported that someone “cloned” the truck carrying the migrants with the same color and identifying numbers from the U.S. Department of Transportation and the Texas DOT as a truck owned by a South Texas trucking company, in an apparent move to evade authorities.
Three people are in police custody, but it’s unclear if they are involved in the tragedy, San Antonio Police Chief William McManus told a briefing Monday night.
Police received a call on Monday evening from a person working nearby, who heard a cry for help from the 18-wheeler in the southwest of the city, approached and saw bodies inside the trailer with its doors partially open, said McManus.
Those who were found alive were hot to the touch and suffering from heat stroke and exhaustion, and there was no sign of water in the refrigerated tractor-trailer and no visible working air conditioning unit, according to San Antonio Fire Chief Charles Hood.
Temperatures in San Antonio climbed to 101 degrees Fahrenheit (38.3 degrees centigrade) on Monday, while the heat in a packed trailer was likely way higher than that, according to the U.S. National Weather Service.
“Migrants seeking asylum should always be treated as a humanitarian crisis, but this evening we’re facing a horrific human tragedy,” San Antonio Mayor Ron Nirenberg tweeted on Monday.
Texas Republican Governor Greg Abbott, who is seeking a second term, on Monday night slammed U.S. President Joe Biden for the tragedy, tweeting: “These deaths are on Biden. They are a result of his deadly open border policies.”
In July 2017, 10 migrants died in a packed truck carrying 39 people in San Antonio. ■
Photo 1 – Photo taken on June 27, 2022 shows the scene of an alleged human smuggling mass casualty event in San Antonio, Texas, the United States. (Photo by Nick Wagner/Xinhua)
Photo 2 – People gather at the scene of an alleged human smuggling mass casualty event in San Antonio, Texas, the United States, on June 27, 2022. (Photo by Nick Wagner/Xinhua)
Photo 3 – Police officers guard the scene of an alleged human smuggling mass casualty event in San Antonio, Texas, the United States, on June 28, 2022. (Photo by Nick Wagner/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.