Connect with us

North America

ချီကာဂိုမြို့ ဆင်ခြေဖုန်းရပ်ကွက်တွင် ရဟတ်ယာဉ် ပျက်ကျ၊ လူ ၄ ဦးဆေးရုံရောက်

ချီကာဂိုတွင် လူနာတင်ရဟတ်ယာဉ်တစ်စင်း ပျက်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ချီကာဂို၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ ဆင်ခြေဖုန်းရပ်ကွက်တစ်ခုတွင် လူနာတင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ အနည်းဆုံး လူ လေးဦးကို ဆေးရုံသို့ ချက်ချင်းပို့ခဲ့ရကြောင်း ချီကာဂို မီးသတ်ဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒဏ်ရာရသူ လေးဦးအနက် တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိပြီး ကျန်သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ချီကာဂို မီးသတ်ဌာနမှ တွစ်တာတွင် ရေးသားထားသည်။

အဆိုပါရဟတ်ယာဉ်ပေါ်၌ လူနာတစ်ဦးကို တင်ဆောင်လာပြီး ချီကာဂိုမြို့တောင်ဘက်စွန်းနေရာသို့ သွားရောက်စဉ်တွင် ဒေသစံတော်ချိန် ညနေ ၉း၁၅ နာရီခန့်က ယင်းသို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်သည် မပျက်ကျမီ ချာချာလည်သွားပြီး မထိန်းချုပ်နိုင်တော့ဘဲ မီးလောင်နေသည်ကို တွေ့ခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောကြောင်း သတင်းများက ဖော်ပြထားသည်။

ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများအဆိုအရ အဆိုပါ ရဟတ်ယာဉ်မှာ Eurocopter 135 လေကြောင်း လူနာတင်ယာဉ် ဖြစ်ကြောင်း၊ ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.