Connect with us

North America

ဘိုင်ဒန်က ရွေးကောက်ပွဲတွင် အနိုင်ရရန် ယုံကြည်မှုရှိဟုဆို ၊ မဲဆန္ဒရှင်များအား စိတ်ရှည်ကြရန် တိုက်တွန်း

အမေရိကန် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဂျိုးဘိုင်ဒန်အား ဩဂုတ် ၁၈ ရက်က တွေ့ရစဉ်(Xinhua/Liu Jie)

ဝါရှင်တန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

အမေရိကန်ဒီမိုကရက်တစ် ပါတီ သမ္မတလောင်းဂျိုးဘိုင်ဒန်က ၎င်းအနေဖြင့် ရွေးကောက်ပွဲ အနိုင်ရမည်ဟု ယုံကြည်ကြောင်း ၊ ၎င်းအားထောက်ခံသူများအနေဖြင့် စိတ်ရှည်သီးခံပေးကြရန် ယနေ့ အမေရိကန်ဒေသစံတော်ချိန် နိုဝင်ဘာ ၃ ရက် နံနက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ ဒီရွေးကောက်ပွဲ အနိုင်ရမယ့် လမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ရှိနေတယ်လို့ ယုံကြည်ပါတယ်” ဟု Wilmington ၌ ထောက်ခံသူများအား မိန့်ခွန်းပြောကြားစဉ် ဘိုင်ဒန်က ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင်၎င်းက “ခင်ဗျားတို့ရဲ့စိတ်ရှည်သီးခံမှုက ချီးကျူးစရာကောင်းပါတယ် ” ဟူ၍လည်း ပြောကြားခဲ့သည်။

“ ကျွန်တော့်ဘက်ကရော ထရမ့်ဘက်ကပါ ဒီရွေးကောက်ပွဲနိုင်ပြီလို့ ကြေညာရမယ့် အနေအထားမဟုတ်သေးပါဘူး” “ ဒါဟာအမေရိကန်ပြည်သူတွေရဲ့ သဘောဆန္ဒအတိုင်းပါပဲ” ဟု ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဘိုင်ဒန်က ဆိုသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြီးကျယ်ခမ်းနားသောအောင်မြင်မှုတစ်ခု အတွက် ယခုညပိုင်းတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်မည်ဟူ၍လည်း ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ရီပတ်ဘလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ယခု ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် “အကြိတ်အနယ်ယှဉ်ပြိုင်ရမည့်နေရာ” နှစ်ခုဖြစ်သော ဖလော်ရီဒါပြည်နယ် နှင့် အိုဟိုင်းအိုး ပြည်နယ်များတွင် အနိုင်ရရှိခဲ့ပြီး ယင်းပြည်နယ် နှစ်ခုပေါင်းတွင် ထောက်ခံမဲ( electoral votes) ၄၇ ခုထိ ရရှိခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများက ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.