Connect with us

North America

မြောက်ကိုရီးယားအပေါ် အမြင့်ဆုံး ဖိအားပေးမှုများ ဆက်လက် ထားရှိသွားမည်ဟု အမေရိကန်ပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က “အမြင့်ဆုံးဖိအားပေးခြင်း လုပ်ဆောင်မှုများ” အသုံးအနှုန်းကို ၎င်းအနေဖြင့် နှစ်သက်ခြင်း မရှိကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သော်လည်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က မြောက်ကိုရီးယားနိုင်ငံ အပေါ် အမြင့်ဆုံး ဖိအားပေးမှုများ ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇွန် ၅ရက် ကပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heather Nauert က ပိတ်ဆို့တားမြစ်မှု နှင့် ဖိအားပေးမှု လုပ်ဆောင်ချက်များသည် ယခင်အတိုင်း ကျန်ရှိနေမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ Kim Yong Chol နှင့် ဒေါ်နယ်ထရမ့် တို့ တွေ့ဆုံအပြီး ထရမ့် က မြောက်ကိုရီးယားနိုင်ငံ နှင့် ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်နေသည့် အတွက် အဆိုပါ အသုံးအနှုန်းကို နှစ်သက်မှုမရှိကြောင်း မီဒီယာအား ဇွန် ၁ရက်တွင် ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုရီးယားနိုင်ငံ သည် နျူကလီးယားဖျက်သိမ်းရေး ကတိကဝတ်အား လိုက်နာဆောင်ရွက်ခြင်းရှိသည်အထိ ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ထရမ့် နှင့် ကင်တို့သည် ဇွန် ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၉နာရီတွင် စင်ကာပူ၌ တွေ့ဆုံရန် ယာယီစီစဉ်ထားကြောင်း သိရသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sara Sanders က ခေါင်းဆောင် ၂ဦး သည် စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်း ရှိ ကာပယ်လာဟိုတယ် တွင် တွေ့ဆုံလိမ့်မည်ဖြစ်ကြောင်း ဇွန်၄ ရက် အစောပိုင်းကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.