Connect with us

North America

ခါရှော့ဂီသေဆုံးမှုနှင့်ပတ်သက်၍ ဆော်ဒီနိုင်ငံသား ၁၆ ဦးကို အမေရိကန်ပြည်ဝင်ခွင့်ပိတ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မိုက်ပွန်ပီယိုက ဆော်ဒီဂျာနယ်လစ်ဂျာမဲလ်ခါရှော့ဂီ(Jamal Khashoggi) သေဆုံးမှုနှင့်ပတ်သက်၍ ဆော်ဒီအာရေးဗျနိုင်ငံသား ၁၆ ဦးအား အမေရိကန်နိုင်ငံသို့ပြည်ဝင်ခွင့် ပိတ်ပင်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၈ ရက်တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် မိုက်ပွန်ပီယိုကဂျာမဲလ်ခါရှော့ဂီအသတ်ခံရမှုနှင်ပတ်သက်၍ ပိတ်ဆို့အရေးယူမည့် ဆော်ဒီအာရေးဗျနိုင်ငံသားတစ်ဦးချင်းစီ၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

“ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နိုင်ငံရပ်ခြားအစိုးရတွေရဲ့ အရာရှိတွေ လူ့အခွင့်အရေးချိုးဖောက်မှု နဲ့အကျင့်ပျက်ခြစားမှု ဆိုင်ရာ သတင်းအချက်အလက်တွေကို ရရှိထားပါတယ်။ အဲဒီလူတစ်ဦးတစ်ယောက်ချင်းစီနဲ့သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်ပြည်ဝင်ခွင့်အတွက် ခွင့်ပြုပေးမှာ မဟုတ်ပါဘူး” ဟု ထုတ်ပြန်ချက်ကဆိုသည်။

ခါရှော့ဂီသည် တူရကီနိုင်ငံ အစ္စတန်ဘူလ်ြမို့ရှိ ဆော်ဒီသံရုံးအတွင်း ၂ဝ၁၈ ခုနှစ် အောက်တိုဘာလတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆော်ဒီအာရေးဗျနိုင်ငံက ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း နောက်ပိုင်းတွင် ခါရှော့ဂီသဆုံးမှုအတွက် ရိုးဖြောင်မှုမရှိသော ထောက်လှမ်းရေးသမားများအား ပြစ်တင်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.