ကဘူးလ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် လူသေဆုံးမှုနှင့် နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု မရှိဟု အာဏာပိုင်များက ပြောကြားခဲ့သော်ငြားလည်း နိုဝင်ဘာ ၃၀ ရက်၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ကဘူးလ်ရှိ ငြိမ်းချမ်းရေးမှာ တစ်ဖန်ပြန်လည် ပျက်စီးသွားခဲ့ပြီး စစ်မက်ဒဏ်ခံစားနေရသော အာဖဂန်ပြည်သူများအကြား ထိတ်လန့်တကြားဖြစ်ခဲ့ရသည်။
အစ္စလာမ်မာဘတ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) သည် ၎င်းနိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန် ပါကစ္စတန်နိုင်ငံအတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု အစ္စလာမ်မာဘတ်မြို့ရှိ မဟာဗျူဟာလေ့လာရေးဌာန တရုတ်- ပါကစ္စတန်လေ့လာရေးစင်တာမှ ညွှန်ကြားရေးမှူး Talat Shabbir က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းသည် နိုဝင်ဘာ ၃၀ ရက်က ကျင်းပသော “Group of 77 +China” ၏ ၄၅ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ video conference အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏...
အစ္စတန်ဘူလ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ နိုဝင်ဘာ ၂၉ ရက်မှစတင်၍ လေပြင်းမုန်တိုင်းများကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း ဒေသတွင်း မီဒီယာ၏ ဖော်ပြမှုအရ သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးများ၏ မကြုံစဘူး မြင့်မားသော အဆင့်တစ်ခုအတွက် ကျေနပ်အားရမှုရှိကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။
ချီကာဂို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒက်ထရိုက်မြို့ငယ်အနီး အထက်တန်းကျောင်းတစ်ခုတွင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်တွင် အားပြင်းသော အနောက်တောင်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ နိုဝင်ဘာ ၂၉ ရက်၌ ၄ ဦးအထိရှိလာကြောင်း တူရကီအစိုးရက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ ရာသီဥတုဆိုးဝါးသည့် အခြေအနေများကြောင့် နိုင်ငံသား ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့်...
ဘေရွတ် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ပြည်တွင်းငွေကြေးစနစ် ပြိုလဲခြင်း နှင့် နေထိုင်မှုအခြေအနေများ ပိုမိုဆိုးရွားခြင်းတို့ကို ဆန့်ကျင်သည်အနေဖြင့် လက်ဘနွန်နိုင်ငံတစ်ဝှမ်း နိုဝင်ဘာ ၂၉ ရက်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း National News Agency က ဖော်ပြခဲ့သည်။ ဆန္ဒပြသူများသည် စွန့်ပစ်ကွန်တိန်နာများ ၊ ကားတာယာများအား...
ဘေရွတ်၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံသို့ ငြိမ်းချမ်းရေးခရီးစဉ်သွားရောက်သည့် အသုတ် ၂၀ မြောက် တရုတ်နိုင်ငံ ဘက်စုံ အင်ဂျင်နီယာတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်က ကုလသမဂ္ဂ၏ ယခုနှစ်နောက်ဆုံး စက်ပစ္စည်းများစစ်ဆေးမှုကို ကဏ္ဍစုံထူးချွန်အဆင့်ဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။ ယခုအကြိမ်စစ်ဆေးမှုတွင် ပင်မစက်ပစ္စည်းများ၊ ကိုယ်တိုင်ထိန်းသိမ်းမှုရှိစက်ပစ္စည်းများနှင့်အထွေထွေထောက်ပို့ရေးစက်ပစ္စည်းများဟူ၍ သုံးပိုင်းပါဝင်ကြောင်း သိရသည်။ လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့...
ဒါကာ ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) COVID-19 မျိုးဗီဇကွဲအသစ် ပြန့်နှံ့မှု ဖြစ်ပွားနေစဉ်အတွင်း တောင်အာဖရိကနိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုဝင်ဘာ ၂၇ ရက်တွင် ဆိုင်းငံ့လိုက်ကြောင်း သိရသည်။