ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က မြန်မာ – ရုရှား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောသည်။
ဆော်ဒီအာရေဗျ ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်း နှင့် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ် ၊ ပင်လယ်နီ ဆိပ်ကမ်းမြို့ ဖြစ်သည့် ဂျဒ်ဒါတို့အား ပျံသန်းသည့် တိုက်ရိုက်လေကြောင်းခရီးစဉ်အား ဆော်ဒီအာရေးဗျ လေကြောင်းလိုင်း(ဆော်ဒီ)က ဩဂုတ် ၄ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
အော့တဝါ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံက အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်လာသဖြင့် ၎င်းနှစ်နိုင်ငံမှ လေယာဥ်ခရီးစဥ်များအားလုံးကို ဧပြီ ၂၂ ရက်မှစတင်ကာ ရက်ပေါင်း ၃၀ ကြာ တားမြစ်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စက်တင်ဘာ ၃ ရက်မှစတင်၍ ပေကျင်းမြို့တော်နှင့် ကမ္ဘောဒီးယား၊ ဂရိ၊ ဒိန်းမတ်၊ ထိုင်း၊ ဩစတြီးယားနှင့် ကနေဒါ စသည့်နိုင်ငံ ၈ နိုင်ငံသို့ နိုင်ငံတကာ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ဖြည်းဖြည်းချင်း ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။