ဘန်ကောက်၊ မေ ၁၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတော်ဝင်ဖောင်တော်ပြတိုက်ကို ၁၉၇၂ ခုနှစ်တွင် ဘန်ကောက်မြို့၌ တည်ဆောက်ခဲ့ပြီး စုစုပေါင်း တော်ဝင်ဖောင်တော် ၈ စင်း ပြသထားသည်။ ထိုင်းနိုင်ငံတော်ဝင်ဖောင်တော်၏ သမိုင်းကြောင်းကို အေဒီ ၁၃ ရာစုခန့်က Sukhothai မင်းဆက်ခေတ် တော်ဝင်ရေပေါ်အခမ်းအနားမှတဆင့် ခြေရာခံသိရှိနိုင်သည်။ (Xinhua) ……………………………………………...
ဆန်းရှီး၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်းဆန်းရှီးပြည်နယ် ရှီအန်းမြို့တွင် အသစ်ဖွင့်လှစ်ထားသည့် ပြတိုက်တစ်ခုတွင် သက်တမ်း နှစ်ပေါင်း ၂,၂၀၀ ရှိ ကြေးဖြင့်ပြုလုပ်ထားသော စစ်မြင်းရထားနှစ်စင်းနှင့်မြင်းအရုပ်များကို ခင်းကျင်းပြသထားသည်။၎င်းကြေးရုပ်များသည် ချင်မင်းဆက် (ဘီစီ ၂၂၁ မှ -၂၀၇ ဘီစီ) ကတည်းက သွန်းလုပ်ထားသော ရုပ်တုများဖြစ်ရာ သမိုင်း၊နည်းပညာနှင့်အနုပညာဆိုင်ရာအရည်အသွေးမြင့်...