Connect with us

Media

သက်တမ်း နှစ်ပေါင်း ၂,၂၀၀ ရှိ ကြေးစစ်မြင်းရထားရုပ်အား ပြတိုက်တွင်ပြသထား

ဆန်းရှီး၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းဆန်းရှီးပြည်နယ် ရှီအန်းမြို့တွင် အသစ်ဖွင့်လှစ်ထားသည့် ပြတိုက်တစ်ခုတွင် သက်တမ်း နှစ်ပေါင်း ၂,၂၀၀ ရှိ ကြေးဖြင့်ပြုလုပ်ထားသော စစ်မြင်းရထားနှစ်စင်းနှင့်မြင်းအရုပ်များကို ခင်းကျင်းပြသထားသည်။၎င်းကြေးရုပ်များသည်
ချင်မင်းဆက် (ဘီစီ ၂၂၁ မှ -၂၀၇ ဘီစီ) ကတည်းက သွန်းလုပ်ထားသော ရုပ်တုများဖြစ်ရာ သမိုင်း၊နည်းပညာနှင့်အနုပညာဆိုင်ရာအရည်အသွေးမြင့် ရှေးဟောင်းပစ္စည်းများဖြစ်သည်။

အဆိုပါ ကြေးရုပ်တုများကို တရုတ်နိုင်ငံအား ပထမဆုံးအကြိမ်ပေါင်းစည်းစေခဲ့သည့် ဧကရာဇ် ချင်ရှီဟွမ် ၏ သူရဲကောင်းဗိမာန်၌ ၁၉၈၀ ပြည့်နှစ်က တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မူလရုပ်တုများမှာ အပေါ်ယံ မြေသားပြိုကျမှုကြောင့် အပိုင်းအစပေါင်း ၃,၀၀၀ ကျော်အထိပဲ့ထွက် ပျက်စီးနေခဲ့ရာ ယင်းအား ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်။

ကျွမ်းကျင်သူများက အပိုင်းအစများကို ပြန်လည်ထိန်းသိမ်းပြုပြင်ကာ နဂိုမူလအတိုင်းရောက်ရှိစေရန် အချိန် ၈ နှစ်ကြာပြုလုပ်ခဲ့ရသည်။ (Xinhua)