Connect with us

Europe

ရုရှားနိုင်ငံက နည်းဗျူဟာမြောက် နျူကလီးယားလက်နက်စစ်ရေး လေ့ကျင့်မှုများစတင်

ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် စစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားအတွင်း Yars ပဲ့ထိန်းဒုံးကျည်များကို ၂၀၂၄ ခုနှစ်မေ ၉ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၂၃ ရက် (ဆင်ဟွာ)
နည်းဗျူဟာမြောက် နျူကလီးယား လက်နက်ပစ်လွှတ်မှု ပုံစံတူ စစ်ရေးလေ့ကျင့်မှုများကို ရုရှားတပ်များက ယူကရိန်းနိုင်ငံ အနီးစတင်နေပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်းသိရသည်။
နည်းဗျူဟာမြောက် နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို စတင်နေပြီဖြစ်ပြီး ယင်းစစ်ရေးလေ့ကျင့်မှုများ၌ နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်သည့် အစ်ကန်ဒါဒုံးကျည်များနှင့် ကင်ဇဲလ်အမျိုးအစားဒုံးကျည်များ ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားလက်နက်ကိုင်တပ်များသည်အဆိုပါနျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်မှုများကို ယူကရိန်းနှင့်ကပ်လျက်တည်ရှိသော တောင်ပိုင်းစစ်ဒေသ၌ ပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်အပါအဝင် အနောက်အုပ်စုခေါင်းဆောင်များက စစ်ရေးအရ ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းကြောင့် နည်းဗျူဟာမြောက် နျူကလီးယား လက်နက်စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားထားသည်။

ယူကရိန်းစစ်ပွဲ၌ အနောက်အုပ်စုနိုင်ငံများထဲထဲဝင်ဝင် ပါဝင်လာနိုင်မှုကို တားဆီးရေးအတွက် ကြိုတင်အသိပေးထားသည့်အနေဖြင့် နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်မှုများကို ရုရှားတပ်များက ပြုလုပ်နေခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။(Xinhua)

………………………….

(English Version)
Russia begins tactical nuclear weapons drills: defense ministry
MOSCOW, May 21 (Xinhua) — Russian military has begun the first stage of military exercises involving tactical nuclear weapons, the Russian Defense Ministry said Tuesday.
The drills, which will include “practical training in the preparation and deployment of non-strategic nuclear weapons,” began in the country’s Southern Military District, according to the ministry.
Russian forces will conduct combat training tasks involving the Iskander operational-tactical missile system, specifically equipping launch vehicles with ammunition, within the framework of the first stage of the military drills. Russian Aerospace forces will also conduct exercises involving the Kinzhal hypersonic aeroballistic missiles.
The defense ministry said earlier this month that the exercise is aimed at maintaining the readiness of personnel and equipment for the combat use of non-strategic nuclear weapons to respond and ensure Russia’s territorial integrity and sovereignty, adding that the drills are a “response to provocative statements and threats of individual Western officials against the Russian Federation.” ■

Yars ballistic missiles are seen during the Victory Day military parade, which marks the 79th anniversary of the Soviet victory in the Great Patriotic War, Russia’s term for World War II, on Red Square in Moscow, Russia, May 9, 2024. (Xinhua/Cao Yang)