နေပြည်တော်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) မြန်မာ – တရုတ် စီးပွား ပူးပေါင်းဆောင်ရွက်မှု၊ ငွေကြေးနှင့် နည်းပညာပိုင်း ဖွံ့ဖြိုး တိုးတက်မှု ထိပ်သီး အစည်းအဝေးကို နေပြည်တော် MICC II တွင် ယနေ့ ကျင်းပခဲ့ရာ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက...
ဝါရှင်တန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းကာရံခြင်း မပြီးဆုံးမီ ၎င်းနေရာ၌ စစ်တပ်ချထားလို ကြောင်း ဧပြီ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အမေရိကန်က လက်တွေ့အခြေအမြစ်လုံးဝမရှိဘဲ တရုတ်ကို ဦးတည်ဆောင်ရွက်သည့် “၃၀၁ စုံစမ်းစစ်ဆေး ခြင်း”နှင့် “အခွန်ကောက်ခံမှုအကြံပြုချက်” ထုတ်ပြန်ခြင်းကို အပြင်းအထန် အပြစ်တင်ရှုံ့ချကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားသည်။
ရန်ကုန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) နေပြည်တော်တွင် မြို့တော်ဝန် မဟာသြင်္ကန် မဏ္ဍပ်အပါအဝင် မဏ္ဍပ်ပေါင်း ၂၂ ခု ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက် သြင်္ကန်များ လည်း ပါဝင်မည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
အန်ကာရာ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တူရကီနိုင်ငံသို့ S-400 ဒုံးပျံကာကွယ်ရေးစနစ် များလွှဲပြောင်းပေးရန် ရုရှား နှင့် တူရကီ နိုင်ငံတို့အကြား သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြှာကျေးရွာအုပ်စု ရှမ်းတဲကျေးရွာတွင် ဧပြီ ၃ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်၌ စစ်ကျန် ဗုံးသီးဟောင်း ၁၃ လုံး တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီ ၃ရက် ညနေပိုင်းတွင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် အပျက်အစီးများရှိကြောင်း သိရသည်။ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေများပါတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်များ ပြိုကျခြင်း၊ ဓာတ်တိုင်များ ပြိုလဲခြင်းနှင့် သစ်ပင်များပြိုလဲမှုကြောင့် ကားများ အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တောင်ငူမြို့ ၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ယနေ့ နံနက်ပိုင်းက တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေယာဉ်တစ်စီးပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဖူကျန့်၊ ဧပြီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းဖူကျန့်ပြည်နယ်တွင် မောင်းသူမဲ့ လျှပ်စစ်မီနီဘတ်စ်ကို အောင်မြင်စွာ စမ်းသပ် မောင်းနှင်ခဲ့ကြောင်းသိရသည်။ ထိုလျှပ်စစ်မောင်းသူမဲ့ယာဉ်တွင် ပုံမှန်ကားများတွင်ပါဝင်သည့် အစိတ်အပိုင်းများဖြစ်သည့် စတီယာရင် နှင့် ဘရိတ်ခြေနင်းတို့ ပါဝင်ခြင်းမရှိတော့ဘဲ အလိုအလျောက် မောင်းနှင်၊ ရပ်နားနိုင်သည့်စနစ်ဖြင့် သွားလာနိုင်မည်ဖြစ်သည်။ ၎င်းကို တရုတ်နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Baidu နှင့်...
ရှန်တုံ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းရှန်တုံပြည်နယ်တွင် လယ်သမားအများစုမှာ ၎င်းတို့၏ လယ်ယာမြေများတွင် နည်းပညာမြင့်လယ်ယာသုံးစက်ပစ္စည်းများဖြစ်သည့် မောင်းသူမဲ့ယာဉ်ပျံငယ်များ၊ စက်ရုပ်များ နှင့် ပိုးသတ်ဆေးဖြန်းကိရိယာများကို အသုံးပြုကာစိုက်ပျိုးလျက်ရှိသည်။ ထိုသို့ခေတ်မီနည်းပညာများကို အသုံးပြုကာ စိုက်ပျိုးခြင်းကြောင့် အချိန်ကုန် သက်သာစေသည့်အပြင် လူအင်အားခြွေတာနိုင်ပြီးအထွက်နှုန်းပိုမိုတိုးတက်ကောင်းမွန်ကြောင်းသိရှိရသည်။(Xinhua)