ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ ကြိုးတံတား (၂၉)စင်းကို ပြည်သူများအနေဖြင့် စိုးရိမ်မှု မရှိ အသုံးပြုကြပါရန်နှင့် အဆိုပါ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် အဆိုပါ ကြိုးတံတားများပေါ်တွင် သတ်မှတ် ခံနိုင်ဝန်ထက်...
ကယ်လီဖိုးနီးယား ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆီလီကွန်တောင်ကြားတွင်ဖွင့်လှစ်ထားသောYoutube ရုံးချုပ်၌ ဧပြီလ ၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားရာ လူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး သေနတ်ပစ်ခတ်သည်ဟုသံသယရှိသူအမျိုးသမီးက မိမိကိုယ်ကိုအဆုံးစီရင်သွားကြောင်း ဆန်ဗျူနိုရဲတပ်ဖွဲ့ကဆိုသည်။ ထိုပစ်ခတ်မှုနှင့်ပါတ်သက်ပြီးအကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်ခြင်းရှိမရှိနှင့် အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်အထိထုတ်ပြန်ခြင်းမရှိပေ။(Xinhua)
ရှန်းကျန့်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်းကျန့်မှ တရုတ်နိုင်ငံအရှေ့ပိုင်းသို့သွယ်တန်းပို့ဆောင်မည့် စုစုပေါင်း အကွာအဝေး ၃၃၂၄ ကီလိုမီတာရှည်လျားသည့် မဟာဓါတ်အားလိုင်းများချိတ်ဆက်တည်ဆောက်ခြင်းလုပ်ငန်းကို စတင်လျက်ရှိရာ ၅၉၈ ကီလိုမီတာအကွာအဝေးရှိ ၁၁ဝဝ ကီလိုဗို့လျှပ်စစ်ဓါတ်အားလိုင်းပိုင်းမှာပြီးစီးပြီဖြစ်ကြောင်းသိရသည်။ ထိုဓါတ်အားလိုင်းများမှာ ရှန်းကျန်း၊ ကန်းစု၊ နင်းရှ၊ ရှန်ရှီး၊ဟီနန်နှင့် အန်ဟွေးဒေသတို့ကိုဖြတ်သန်း ပို့လွှတ်မည်ဖြစ်ပြီး ဓါတ်အားလိုင်းတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုယွမ် ဘီလီယံ...
ရီယတ်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် ယခုအခါ မိမိ ကြင်ယာဖြစ်သူ၏ ဖုန်းအား ထောက်လှမ်းခြင်းသည် ပြစ်မှုမြောက်ကြောင်းနှင့် ထောင်ဒဏ်ကျခံရခြင်း သို့မဟုတ် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၃၃,၀၀၀ နှင့်အထက် ပေးဆောင်ရနိုင်ကြောင်း ဧပြီလ ၂ ရက်က အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဧပြီ ၂ နှင့် ၃ရက်နေ့တို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုများကြောင့် လူသေမှုများနှင့် အပျက်အစီးများစွာရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရာမာလာ ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ဧပြီလ ၃ ရက်နေ့တွင် ဖြစ်ပွားသော ပဋိပက္ခ၌ အစ္စရေးစစ်သားများ၏သေနတ်ဒဏ်ရာကြောင့် ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ပါလက်စတိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ မတ်လ ၃၀ ရက်နေ့မှ ယခုအချိန်အထိ ဂါဇာဒေသတွင် ဖြစ်ပွားသော ပဋိပက္ခအဓိကရုဏ်း...
ရန်ကုန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အစိုးရ၏ နှစ်နှစ်တာ သက်တမ်းကာလအတွင်း ဗဟိုဘဏ်သည် ငွေကြေး တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမှီသည့် ဒေသများမှ ပြည်သူတွေ အတွက် (Unbanked People in remote areas) ငွေရေးကြေးရေးဝန်ဆောင်မှုများကို တိုးမြှင့်ရရှိစေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်...
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။ မြန်မာအမျိုးသားဘောလုံးအသင်းသည် အာရှ အားကစားပြိုင်ပွဲတွင် နှစ်ပေါင်း ၂ဝ ကျော်အတွင်း တစ်ကျော့ပြန်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ရလဒ်ကောင်းရယူနိုင်ရန် ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။
ကဘူးလ်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဗလီကျောင်းကြီး တစ်ခုအနီး ဧပြီလ ၄ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေများနှင့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
တီဟီရန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အီရန်အနောက်တောင်ပိုင်း Khuzestan ပြည်နယ် Ahvaz မြို့တွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှု ကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကြောင်း အီရန်မီဒီယာများ၏ ဧပြီလ ၃ ရက်တွင် ထုတ်ပြန်သည့်...