ဗလဒီဗော့စတော့ခ် ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ၊Krasnoyarskနယ်စပ်လုံခြုံရေးဌာနက အကြမ်းဖက်အဖွဲ့အစည်းပုန်းလျှိုး နေသည့် နေရာတစ်ခုအား မတ်လ ၂၇နေ့တွင် တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး အကြမ်းသမား ၉ ဦး အား ဖမ်းဆီးခဲ့ ကြောင်း သိရှိရသည်။
နေပြည်တော်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးသည့်အခါ ဖြစ်သင့် ဖြစ်ထိုက်သည်များကို အရှည်မျှော်တွေး ညှိနှိုင်းကြခြင်းက ပိုပြီး လက်တွေ့ဆန်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယနေ့ ကျင်းပသည့် (၇၃)ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။ မဖြစ်နိုင်တာတွေတောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့် ဖြစ်ထိုက်တာတွေကို...
ရန်ကုန် ၊ မတ် ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲကို မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစီးပွားရေး သံမှူးရှဲကော်ရှန် က လတ်တလော နှစ်ပိုင်းတွင်...
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် အတွင်းရှိ ဦးပိန်တံတားပေါ်တွင် ဈေးရောင်းချနေသော ဆိုင် ၆၁ဆိုင် ကို မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ မတ် ၂၆ ရက်နေ့တွင် စတင် ဖယ်ရှားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်အတွင်းရှိ ကိုင်းကြီးကျေးရွာရှိ ကိုင်းကြီးဆည်သည် ၈၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ မတ် ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် အီရတ်နိုင်ငံတွင် IS စစ်သွေးကြွများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အိန္ဒိယနိုင်ငံသား ၃၉ဦး၏ ရုပ်အလောင်းများကို ပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ရီယာဒ့် ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ) ယီမင် ဟူသီ လက်နက်ကိုင်များက ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် အီရန်ကို လက်တုံ့ပြန်သွားမည်ဟု ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Turki Al Maliki က မတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း ကမ်းကပ်ထားသော ငါးဖမ်းသင်္ဘော မီးလောင်မှုကြောင့် ကျပ်သိန်း ၃၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။