ရီယိုဒီဂျနေးရိုး ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ နှင့် အာဂျင်တီးနား နိုင်ငံတို့သည် မော်တော်ယာဉ် လုပ်ငန်းကဏ္ဍတွင် ၂၀၂၉ ခုနှစ် နောက်ဆုံးထား၍ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိစေရန် သဘောတူညီချက် တစ်ရပ်အား စက်တင်ဘာ ၆ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာနက အထက်တန်းကျောင်းအုပ်ဆရာကြီး ချိန်လိချွင်အား “ခေတ်ကာလ၏ စံပြပုဂ္ဂိုလ်” အဖြစ် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ရာဘတ်၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် လူ ဒါဇင်နှင့်ချီတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ရေစီးချောင်းထဲမျောပါမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မော်ရိုကိုအစိုးရ သတင်းမီဒီယာ၏ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ကမ်းလွန်၌ ဖြစ်ပွားခဲ့သော ကုန်တင်သင်္ဘောတစ်စင်းတိမ်းမှောက်မှုတွင် ပိတ်မိနေသူ သင်္ဘောသား ၄ ဦးစလုံးကို အသက်ရှင်လျက် ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့(USCG) က စက်တင်ဘာ ၉ ရက်တွင် အတည်ပြုခဲ့သည်။
ထရီပိုလီ ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော် တောင်ပိုင်းတွင် ပြီးခဲ့သော သုံးရက်အတွင်း ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်ဖွဲ့ဝင် ၂ဝဝ ကျော် သေဆုံးခဲ့ကြောင်း လစ်ဗျားအရှေ့ပိုင်းအခြေစိုက် သူပုန်တပ်ဖွဲ့က ယနေ့( စက်တင်ဘာ ၁ဝ ရက်) အစောပိုင်းတွင် ပြောကြားခဲ့သည်။
ကျောက်ဖြူ ၊ စက်တင်ဘာ ၁ဝ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ က ကူညီထောက်ပံ့ပေးသည့် “ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” ဖွင့်ပွဲ အခမ်းအနား ကို စက်တင်ဘာ ၉ ရက် တွင် ကျောက်ဖြူမြို့ ၌ ကျင်းပ...
ဟူနန်၊ စက်တင်ဘာ ၁ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းဟူနန်ပြည်နယ် ကျန်းကျားကျဲ့မြို့တွင် 8th Wingsuit Flying World Championship (လေထီးဝတ်စုံဖြင့်အမြင့်ပျံပြိုင်ပွဲ) ကို ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက လေထီးဝတ်စုံ များကိုဝတ်ဆင်ကာ လေထဲတွင် သတ်မှတ်ထားသည့် ပစ်မှတ်ကို ထိမှန်အောင်ပျံသန်း ရခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်၈...
ကွေ့ကျိုး၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ် Meitan စီရင်စုတွင် ၄၈. ၂ မီတာအမြင့်ရှိသည့် ဧရာမ လက်ဖက်ရည်ကြမ်းအိုးနှင့် ၁၆.၈ မီတာအမြင့်ရှိသည့်ရေနွေးခွက်သဏ္ဍာန် ရုပ်တုများသည် ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့သည်။ ကွေ့ကျိုးပြည်နယ်သည် ကုန်းမြင့်ပိုင်းဒေသများနှင့်အတူ မြေပြန့်ဒေသများ လည်း တည်ရှိပြီး ရာသီဥတု သင့်တင့်မျှတကာ...
ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ပထမဆုံးအကြိမ်ထုတ်လုပ်ခဲ့သည့် ဝင်ရိုးစွန်းဒေသသွားသင်္ဘော ကို အမေရိကန်မှ ဝယ်ယူသူထံ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ၁ဝ၄.၄ မီတာအရှည်ရှိသည့် အဆိုပါသင်္ဘောကြီးမှာ အမြန်နှုန်း၁၆.၃ ရေမိုင်နှုန်းဖြင့် မောင်းနှင်သွားလာနိုင်သည်။ သင်္ဘောတွင် အခန်းပေါင်း ၁၃၅ ခန်းပါဝင်ပြီး လူပေါင်း ၂၅၄ ဦး အထိ...
ရှမန် ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှမန်မြို့တွင် အလေးချိန် တန်၃သောင်းရှိသည့် ဘတ်စ်ကားဂိတ်တစ်ခုလုံးကို ၉ဝ ဒီဂရီ အလျားလိုက်ရွှေ့ကာ အကြီးဆုံး အလျားလိုက်ရွှေ့ပြောင်းနိုင်သည့် အဆောက်အဦ အဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။ ၎င်း ဘတ်စ်ကားဂိတ်ကို မြန်နှုန်းမြင့် ရထားဘူတာ တစ်ခု အဖြစ်ပြောင်းလဲနိုင်ရန်ရွှေ့ပြောင်းခြင်းဖြစ်သည်။(Xinhua)