Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ၌ သုံးရက်အတွင်း အစိုးရတပ်ဖွဲ့ဝင် ၂ဝဝ ကျော် သေဆုံးကြောင်း သူပုန်အဖွဲ့ပြော

လစ်ဗျားနိုင်ငံ၌ အစိုးရတပ်ဖွဲ့ ဝင်များ နှင့် သူပုန်တပ်ဖွဲ့ ဝင်များအကြား တိုက်ပွဲဖြစ်ပွားနေစဉ်(ဆင်ဟွာ)

ထရီပိုလီ ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော် တောင်ပိုင်းတွင် ပြီးခဲ့သော သုံးရက်အတွင်း ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်ဖွဲ့ဝင် ၂ဝဝ ကျော် သေဆုံးခဲ့ကြောင်း လစ်ဗျားအရှေ့ပိုင်းအခြေစိုက် သူပုန်တပ်ဖွဲ့က ယနေ့( စက်တင်ဘာ ၁ဝ ရက်) အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ စက်မက်ဖြစ်ပွားတဲ့ နေရာတွေမှာ မြေပြင်တိုက်ခိုက်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ပြီးခဲ့တဲ့ သုံးရက်အတွင်း အစိုးရတပ်ဖွဲ့ဝင် ၂ဝဝ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပါတယ်” ဟု သူပုန်တပ်ဖွဲ့သတင်းထုတ်ပြန်ရေးစင်တာ၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ထို့ပြင် အစိုးရတပ်ဖွဲ့ဝင် ရာပေါင်းများစွာလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

လစ်ဗျားအစိုးရတပ်ဖွဲ့သည် ဧပြီလအစောပိုင်းမှ စတင်ကာ ထရီပိုလီမြို့အတွင်း နှင့် အနီးပတ်ဝန်းကျင်တွင် လစ်ဗျားအစိုးရ နှင့် မြို့တော်အား သိမ်းပိုက်ရန် အပြင်းအထန်ကြိုးပမ်းနေသော သူပုန်တပ်ဖွဲ့ဝင်များနှင့် လူအသေအပျောက်များသည့် ပဋိပက္ခတိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

လစ်ဗျားနိုင်ငံတွင် ၂ဝ၁၁ ခုနှစ် လစ်ဗျားခေါင်းဆောင် ကဒါဖီအစိုးရပြုတ်ကျပြီးနောက်ပိုင်းမှ စတင်ကာ နိုင်ငံရေးမတည်ငြိမ်မှုများ နှင့် ပဋိပက္ခတိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117