ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဟူသော ဆိုရှယ်မီဒီယာဖိုရမ် ၂၀၁၉ ကို Pan Pacific ဟိုတယ်၌ ကျင်းပခဲ့ပြီးလူမှုကွန်ရက် က ရရှိနိုင်သည့် ကောင်းကျိုးများကို မြှင့်တင်၍ ဆိုးကျိုးများအား လျှော့ချနိုင်ရန်အတွက် နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားသူများ နှင့်...
အိုဆာကာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် တူညီမှုနှင့် အပြန်လှန်လေးစားမှုအပေါ် အခြေခံ၍ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ဇွန်လ ၂၉ ရက်က သဘောတူလိုက်ကြောင်း...
ဆိုးလ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန် တို့သည် တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ နယ်စပ် ပန်မွန်ဂျုံရွာ(Panmunjom) ၌ ဇွန် ၃ဝ ရက်တွင် တွေ့ဆုံပြီး နှုတ်ဆက်ခဲ့ကြသည်။ သမ္မတထရမ့်သည် တောင် ၊ မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မျဉ်းကိုဖြတ်ကျော်ပြီး...
ပေကျင်း၊ဇူလိုင် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင်ကျင်းပခဲ့သည့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီး နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ ဘက်စုံအကျိုးစီးပွားဖြစ်ထွန်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ကို မြှင့်တင်နိုင်ခဲ့သည်။ သမ္မတရှီ၏ အိုဆာကာခရီးစဉ်မှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့်အတူ G20 အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့စီးပွားရေးကဏ္ဍ အတွက် မောင်းနှင်အား ဖြစ်စေခဲ့သည်။...
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) တောင်ငူ- လွိုင်ကော် ကားလမ်းမပေါ်တွင် ယနေ့(ဇူလိုင် ၁ ရက်) နံနက် ၅နာရီဝန်းကျင်တွင် ကျပ် သိန်းပေါင်း ၂သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တရားခံ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ...
ကပူးလ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အာဖဂန် နစ္စတန် နိုင်ငံ ကဘူးလ်မြို့၌ ယနေ့နံနက် အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၃၄ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ဒဏ်ရာ ရသူများကို နီးစပ်ရာ...
ဟနွိုင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) အာမေးနီးယားဝန်ကြီးချုပ် နီကိုပရှင်ယန် (Nikol Pashinyan) က ဗီယက်နမ်နိုင်ငံသို့ ဇူလိုင် ၄ ရက် မှ ၆ ရက် အထိ တရားဝင်ခရီးစဉ်သွားရောက်ရန်ရှိကြောင်း ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်အခြမ်းက ထိန်းချုပ်သော ကက်ရှ်မီးယား ဒေသ၌ ဇူလိုင် ၁ ရက်တွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၃ ဦးသေဆုံးပြီး အခြား လူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြုံယမ်း၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ ဇွန် ၃၀ ရက် ပန်မွန်ဂျုံတွေ့ဆုံဆွေးနွေးပွဲမှာ အထူးကျေနပ်အားရဖွယ်ကောင်းကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးမှ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်တွန်းအားပေးလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA)က ဇူလိုင် ၁ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။