အန်းဟွေ့၊ မတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေ့ပြည်နယ် Huainan တွင် ကမ္ဘာ့အကြီးဆုံး ရေပေါ်နေရောင်ခြည် ဓါတ်အားပေးစက်ရုံကိုတည်ဆောက်ထားသည်။ ဆိုလာအပြားပေါင်း တစ်သိန်းခြောက်သောင်းကို တပ်ဆင်ထားပြီး လျှပ်စစ်ဓါတ်အား ၄ဝ မဂ္ဂါဝပ်ကို ထုတ်လွှတ်ပေးကာ အိမ်ထောင်စုပေါင်း ၁၅ဝဝဝ ခန့်ကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်သည်။ ရေ တိုက်စားမှုကို ကာကွယ်နိုင်သည့် ဆိုလာပြားများ၊...
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၀)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
ဟနွိုင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုအတွက် တရားရုံးက နိုင်ငံသား ၃ ဦးအား သေဒဏ်ပေးခဲ့သလို နောက်ထပ်တစ်ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ပေးခဲ့ကြောင်း ဒေသခံမီဒီယာက မတ်လ ၁၉ ရက်တွင် ပြောကြားလိုက်သည်။
မာပူတို၊ မတ် ၁၉ ရက်(ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်း ပြည်နယ်များကို မတ် ၁၄ ရက် ညပိုင်းက အင်အားပြင်း အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေး(Idai) ဝင်ရောက် တိုက်ခတ်မှုကြောင့် မတ်လ ၁၈ ရက်အထိ အနည်းဆုံး လူ ၈၄ ဦးသေဆုံးပြီး လူပေါင်း ၁၅၀၀ခန့်ဒဏ်ရာရရှိကာ...
တူးနစ်၊ မတ် ၁၉ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ သမ္မတ Beji Caid Essebsi သည် မတ် ၂၀ ရက်တွင် ကျရောက်သော တူနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့ တွင် အကျဉ်းသား ၁,၅၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း တူနီးရှားနိုင်ငံ သမ္မတရုံးက မတ်...
တက်ဂူစီဂါလ်ပါ၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဟွန်ဒူးရပ်စ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူအနည်းဆုံး ၉ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁၈ ရက်က ပြောကြားခဲ့သည်။
တီဟီရန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ၏ အမျိုးသားဘောလုံးအသင်း တွင် တက်တူးထိုးထားသော အီရန်နိုင်ငံသား ဘောလုံးသမားများအတွက် နေရာမရှိကြောင်း Tehran Times သတင်းက မတ် ၁၈ ရက်တွင်ဖော်ပြခဲ့သည်။
ကူဝိတ် ၊ မတ် ၁၉ ရက်(ဆင်ဟွာ) နယ်သာလန် နိုင်ငံ Utrecht မြို့၌ လျှပ်စစ်ရထားပေါ်တွင် မတ် ၁၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှု တစ်ခုအား ကူဝိတ် စော်ဘွား Sheikh Sabah Al-Ahmad Al-Jaber Al-Sabah က ပြင်းပြင်းထန်ထန်...
ဂျေရုဆလင်၊ မတ် ၁၉ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတောင်ပိုင်း ပင်လယ်နီအပန်းဖြေမြို့ဖြစ်သည့် Eilat မြို့ တွင် တည်ရှိသော Eilat လေဆိပ်အား မတ် ၁၈ရက်တွင် အပြီးအပိုင်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။