ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်းအလွန်ရှိ ရေတိမ်ပိုင်းအတွင်းသို့ ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းက အသေးစားလေယာဉ် (Gyrocopter) တစ်စီး ပျက်ကျခဲ့ရာ လူ ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) အီရန်နိုင်ငံသမ္မတ ဟူဆန်ရိုဟန်နီ(Hassan Rouhani) က ဖေဖော်ဝါရီ ၆ ရက်တွင် အရှေ့အလယ်ပိုင်းဒေသ၌ နျူကလီးယားလက်နက်ကင်းစင်ရေးကို တောင်းဆိုလိုက်ကြောင်း Press ရုပ်မြင်သံကြားက သတင်းဖော်ပြခဲ့သည်။
ဘရက်ဆဲလ် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ်စစ်မဟာမိတ်စာချုပ် (NATO) အဖွဲ့၏ အမြဲတမ်းအဖွဲ့ဝင် ၂၉ ဦးသည် မက်ဆီဒိုးနီးယားနိုင်ငံအား အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုရန် သဘောတူညီချက်တစ်ရက်အား ဖေဖော်ဝါရီ ၆ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ၁၄ ကြိမ်မြောက်တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲအား ရန်ကုန်မြို့ လသာမြို့နယ်ရှိစဉ့်အိုးတန်း (အထက်လမ်း)၌ ယနေ့ဖေဖော်ဝါရီ ၆ ရက်တွင် ဖွင့်ပွဲ အခမ်းအနား နှင့် အတူစတင် ကျင်းပ ပြုလုပ်ခဲ့သည်။
ထရီပိုလီ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံအရှေ့ဘက် ဒါနာမြို့ တွင် အကြမ်းဖက်အဖွဲ့အစည်းများ ၏ လက်ချက်ကြောင့်သေဆုံးခဲ့ရသည့်မည်သူမည်ဝါမခွဲခြားနိုင်သော ရုပ်အလောင်း ၄လောင်း ကို လစ်ဗျားလခြမ်းနီအဖွဲ့က ဖေဖော်ဝါရီလ ၅ ရက် နေ့ တွင်တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) လာမည့်ရက်များအတွင်း သီရိလင်္ကာနိုင်ငံရှိ နေရာများစွာ၌ မိုးသက်မုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ကျရောက်နိုင်ကြောင်း မိုးလေဝသဌာနက ဖေဖော်ဝါရီလ ၆ ရက်တွင် သတိပေးလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေနည်းကာလအတွင်း ကုန်တင်ရေယာဉ်များနှင် လူစီးအမြန်ရေယာဉ်များ ရေကြောင်းပြ အမှတ်အသားများ ပြသထားသည့် ရေလမ်းကြောင်းများအတိုင်း စနစ်တကျမောင်းနှင်ကြရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရီယက်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံက ၎င်း၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို ပြင်သစ် ဂီယာနာ အာကာသ စင်တာမှ ဖေဖော်ဝါရီ ၅ ရက်တွင် လွှတ်တင်ခဲ့ကြောင်း ဆော်ဒီ သတင်းအေဂျင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် အထောက်အထားမဲ့နေထိုင်သူများကို နိုင်ငံတကာကဲ့သို့ နှစ်စဉ်စီမံချက်ဖြင့် ဆောင်ရွက်မှုမရှိသော်လည်း တရားမဝင် ဝင်ရောက်နေကြောင်း စိစစ်တွေ့ရှိချက်များအပေါ် နေ့စဉ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
လန်ဒန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံနှင့် အိုင်ယာလန်နိုင်ငံတို့ ၂၀၃၀ ခုနှစ်တွင် ဖီဖာ ကမ္ဘာ့ဖလား (FIFA World Cup) အား အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည်ကို ထောက်ခံအားပေးကြောင်း Belfast မြို့၌ စီးပွားရေးခေါင်းဆောင်များအား ဖေဖော်ဝါရီ ၅ ရက်တွင် ဗြိတိန် ဝန်ကြီးချုပ်...