Connect with us

Europe

နေတိုးအဖွဲ့ဝင်နိုင်ငံများက မက်ဆီဒိုးနီးယားနိုင်ငံအားအဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုရန် လက်မှတ်ရေးထိုး

မက်ဆီဒိုးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Nikola Dimitrov( ဝဲ) နှင့် NATO အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg (ယာ) တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ဘရက်ဆဲလ် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

မြောက်အတ္တလန္တိတ်စစ်မဟာမိတ်စာချုပ် (NATO) အဖွဲ့၏ အမြဲတမ်းအဖွဲ့ဝင် ၂၉ ဦးသည် မက်ဆီဒိုးနီးယားနိုင်ငံအား အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုရန် သဘောတူညီချက်တစ်ရက်အား ဖေဖော်ဝါရီ ၆ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထိုသို့လက်မှတ်ရေးထိုးပြီးနောက်တွင် မက်ဆီဒိုးနီးယားနိုင်ငံသည် နေတိုးတပ်ဖွဲ့၏ လှုပ်ရှားမှုများတွင် ဖိတ်ကြားခံရသည့် နိုင်ငံတစ်နိုင်ငံ အဖြစ်ပါဝင်လှုပ်ရှားနိုင်တော့မည်ဖြစ်ကြောင်း နေတိုး (NATO) က ၎င်း၏ဝက်ဘ်ဆိုက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယခုအခါ ဝင်ခွင့်ပြုလက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်မှာ နေတိုးအဖွဲ့ဝင် ၂၉ နိုင်ငံ၏ မြို့တော်အသီးသီးသို့ရောက်ရှိပြီး သက်ဆိုင်ရာနိုင်ငံ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်အတည်ပြုသွားမည်ဖြစ်သည်။ နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်လာတော့မည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူစာချုပ် အနှေးနှင့်အမြန်လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

မက်ဆီဒိုးနီးယား နှင့် ဂရိနိုင်ငံတို့သည် မက်ဆီဒိုးနီးယားအား “ မြောက်မက်ဆီဒိုးနီးယားသမ္မတနိုင်ငံ” ဟူ၍ အမည်ပြောင်းရန် အလွတ်သဘော သဘောတူညီခဲ့ပြီးနောက် ၎င်းတို့၏ ကာလရှည်အငြင်းပွားနေမှုကို မကြာသေးခင်က အဖြေရှာနိုင်ခဲ့ကြသည်။ ယင်းဖြေရှင်းမှုကြောင့် ဘောလ်ကန်ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် မက်ဆီဒိုးနီယားနိုင်ငံသည် နေတိုးအဖွဲ့နှင့် ဥရောပသမဂ္ဂသို့ဝင်ခွင့်ရရန် အကြီးမားဆုံးအတားအဆီးအား ဖယ်ရှားနိုင်ခဲ့သည်။

သတ်မှတ်အချိန်ဇယားအရ ဂရိပါလီမန်သည် မက်ဆီဒိုးနီးယား၏ နေတိုးဝင်ခွင့်သဘောတူညီချက်ကို ဖေဖော်ဝါရီလ ပထမ လဝက်အတွင်း အတည်ပြုရန်ရှိနေခဲ့သော်လည်း ဂရိနိုင်ငံသားများအစုသည် မက်ဆီဒိုးနီးယား ဟူသော စကားလုံးကို ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံကိုမျှ ခွင့်ပြုရန် သဘောကျနှစ်သက်ခြင်း မရှိပေ။

မက်ဆီဒိုးနီးယားအမည်ပေးခြင်း သဘောတူညီချက်ကို ဂရိနိုင်ငံသား ၆၉ ရာခိုင်နှုန်းက ကန့်ကွက်နေကြဆဲဖြစ်သည့် စစ်တမ်းတစ်ခုကို To Vima ပြည်တွင်းသတင်းစာက ဖေဖော်ဝါရီ ၃ ရက်တွင်ဖော်ပြခဲ့သည်။

အဆိုပါ စစ်တမ်းကို Metron အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂရိပြည်သူ ၇၁ ရာခိုင်နှုန်းက ယခင်ယူဂိုဆလားဗီးယားနိုင်ငံလက်အောက်ခံဖြစ်ခဲ့သည့် အိမ်နီးချင်းမက်ဆီဒိုးနီးယားနိုင်ငံ(FYFOM) ကို ၎င်းတို့၏ မြို့တော် စကိုပီဂျေ(Skopje) ကိုသာ နိုင်ငံ့အမည်မှည့်ခေါ်စေလိုကြသည်။

ဂရိ နှင့် မက်ဆီဒိုးနီးယား နှစ်နိုင်ငံသည် ယူဂိုဆလားဗီးယားနိုင်ငံမှ မက်ဆီဒိုးနီးယား လွတ်လပ်ရေးရခဲ့သည့် ၁၉၉၁ ခုနှစ်ကတည်းက စတင်ကာ အငြင်းပွားမှု ဖြစ်ခဲ့ကြသည်။ ဂရိက အိမ်နီးချင်းနိုင်ငံ၏တရားဝင်နာမည်တွင် မက်ဆီဒိုးနီးယားသမ္မတနိုင်ငံဟူသော အသုံးအနှုန်းကို ကန့်ကွက်ခဲ့သည်။ ဂရိ၏ ကန့်ကွက်မှုကပင် မက်ဆီဒိုးနီးယားအတွက် နေတိုး နှင့် ဥရောပသမဂ္ဂသို့ဝင်ခွင့်ရရန် အတားအဆီးဖြစ်ခဲ့သည်။

ကုလသမဂ္ဂကြားဝင်ဖြန်ဖြေမှုဖြင့် ၂ဝ၁၈ ခုနှစ် ဇွန်တွင် Prespa သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီး မက်ဆီဒိုးနီးယားနိုင်ငံ၏ တရားဝင်အမည်နာမသည် “ မြောက်မက်ဆီဒိုးနီးယားသမ္မတနိုင်ငံ” ဟူ၍ ဖြစ်လာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.