ဂျေရုဆလမ် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဂျူး နှင့် အာရပ် အမျိုးသမီးများသည် စက်တင်ဘာ ၂၂ ရက်တွင် ဂျေရုဆလမ်မြို့၌ စုဝေးကြပြီး အစ္စရေး နှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။
မက်ဒရစ်၊ စက်တင်ဘာ ၂၂ရက်(ဆင်ဟွာ) စပိန်နိုင်ငံ၏ ခရီးသွားအပန်းဖြေနေရာ La Palmaကျွန်းတွင် Cumbre Vieja မီးတောင်ပေါက်ကွဲမှုကြောင့် လူနေရပ်ကွက်ထဲ ချော်ရည်များစီးဝင်လာပြီး ကမ်းခြေဘက်သို့ ဦးတည်စီးဆင်းသွားပုံမြင်ကွင်းများကို Drone ဖြင့်ရိုက်ကူးထားခြင်းဖြစ်သည်။ ချော်ရည်အမြောက်အမြားသည်ရေကူးကန်ထဲ စီးကျလာပြီးရေများပွက်ပွက်ဆူနေခဲ့သည်။ မီးတောင်ပေါက်ကွဲမှုမှာ ဆက်လက်ဖြစ်ပွားနေပြီး ယင်းဒေသတဝိုက်တွင် မီးခိုးများ၊ပြာများလွင့်ထွက်နေသလို အဆက်မပြတ်မီးလောင်မှုကြောင့် ဒေသခံများ အား ဘေးလွတ်ရာသို့...
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံများက အောကပ်စ် (AUKUS) လုံခြုံရေးမိတ်ဖက်ဆက်ဆံရေးအသစ် ထူထောင်လိုက်ခြင်းဖြင့် ပြင်သစ်နိုင်ငံအပေါ် ပြုမူလိုက်သောနည်းလမ်းသည် “လက်သင့်ခံနိုင်ဖွယ်မရှိကြောင်း” ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံတကာဆက်ဆံရေးအတွက်ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းလမ်းညွှန်ချက်များနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ၏ အထွေထွေဆွေးနွေးမှု၌ မိန့်ခွန်းပြောကြားစဉ် “မိမိတို့အနေဖြင့် စည်းလုံးညီညွတ်မှုကိုခိုင်မာစေရန်အားထုတ်ရမည်ဖြစ်ပြီး အပြန်အလှန်လေးစားမှု နှင့် နှစ်ဘက် အကျိုးစီးပွား များဖြင့် နိုင်ငံတကာဆက်ဆံရေးကို တွန်းအားပေး မြှင့်တင်သွားရမည်ဖြစ်ကြောင်း” မှတ်ချက်ပြုပြောကြားခဲ့သည်။...
မနီလာ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးက ဆင်းရဲသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေးရှားပါးမှုနှင့် ကြုံတွေ့နေရချိန်တွင် ချမ်းသာသောနိုင်ငံများက COVID-19 ကာကွယ်ဆေး သိုလှောင်ထားရန် “တစ်ကိုယ်ကောင်းဆန်သော” အစီအစဉ်ကို စက်တင်ဘာ ၂၂ ရက်က ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။
တိုကျို၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသည် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု ပိုမိုပျံ့နှံ့ခြင်းကိုကောင်းစွာကိုင်တွယ်နိုင်ရန် လာမည့်နှစ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် တတိယအကြိမ် အားဖြည့် ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံရေးဝန်ကြီး Taro Kono က စက်တင်ဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတစ်နိုင်ငံ၏ အောင်မြင်မှုသည် အခြားနိုင်ငံတစ်နိုင်ငံ၏ ကျရှုံးစေခြင်းကိုဆိုလိုခြင်းမဟုတ်ကြောင်း၊ ကမ္ဘာကြီးသည် နိုင်ငံများအားလုံး သာတူညီမျှဖွံ့ဖြိုးတိုးတက်နိုင်စေရန် လုံလောက်သည့်အနေအထားရှိကြောင်း တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က အင်္ဂါနေ့က ဆိုသည်။ သမ္မတရှီကျင့်ဖိန်သည် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ၏ အထွေထွေဆွေးနွေးမှု၌ ရုပ်သံမိန့်ခွန်းပြောကြားစဉ် ထိုသို့မှတ်ချက်ပြုခဲ့သည်။ “မိမိတို့အနေနဲ့...
ပေကျင်း၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် (၇၆)ကြိမ်မြောက် ကမ္ဘာကုလသမဂ္ဂညီလာခံသို့ စက်တင်ဘာ ၂၁ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပြီး “ခိုင်မာသည့် ယုံကြည်ချက်ဖြင့် လက်ရှိအခက်အခဲအကျပ်အတည်းများကို ယှဉ်တွဲကျော်ဖြတ်ကာ ပို၍သာယာလှပသည့်ကမ္ဘာကြီးအား အတူတည်ဆောက်ကြမည်”ဟူသည့် ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။
ခါတွမ်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီသည် မအောင်မြင်သော အာဏာသိမ်းမှု ခေါင်းဆောင် ဗိုလ်ချုပ် Abdul-Baqi Hassan Osman အား ဖမ်းဆီးလိုက်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင်ကြေညာခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးများ နှင့် နိုင်ငံတကာအကူအညီများ ပိုမိုထောက်ပံ့သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။