မော်စကို ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်အား ဆိုက်ဘာတိုက်ခိုက်မှု ၅၀ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံ ပိုင်နက်နယ်မြေအတွင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ ရုရှားသံရုံးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများအား ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်း သို့မဟုတ် ဗိုလ်ကျစိုးမိုးခြင်းကို မည်သည့်အခါမျှ လုပ်ဆောင်ခဲ့ခြင်း မရှိသလို မည်သည့်အခါမျှလည်း လုပ်ဆောင်သွားလိမ့်မည်မဟုတ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဒီမိုကရေစီစနစ်သည် နိုင်ငံတစ်နိုင်ငံတည်းအတွက် အထူးသီးသန့်မူပိုင်ခွင့်မဟုတ်ကြောင်း ၊ သို့သော် နိုင်ငံအားလုံး၏ ပြည်သူများအတွက် ပျော်ရွှင်ချမ်းမြေ့ပိုင်ခွင့် တစ်ခုသာဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဝန်ချန်း၊ ဟိုင်နန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာကာသတွင်ဆောက်လုပ်နေသည့် အာကာသစခန်းသို့အထောက်အပံ့ပစ္စည်းများပို့ဆောင်ရန်ထျန်းကျိုး ၃ ကုန်တင်အာကာသယာဉ်အား တနင်္လာနေ့တွင်လွှတ်တင်ခဲ့သည်။ တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ မူလတန်း နှင့် အလယ်တန်းကျောင်းသား ၃၆ ဦးသည် တနင်္လာနေ့၌ ထျန်းကျိုး-၃ ကုန်တင်အာကာသယာဉ်လွှတ်တင်မှုအား တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသ...
ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်လူမျိုးတို့သည် မိသားစုများအား အမြဲတန်ဖိုးထားလေ့ရှိကြသည်။ သမ္မတရှီကျင့်ဖိန် သည် လည်း အခမ်းအနားများစွာ၌ မိသားစုများ၏ တန်ဖိုးနှင့် ဓလေ့ထုံးတမ်းများနှင့်ပတ်သက်ပြီး အလေးအနက်ထားပြောကြားလေ့ရှိသည်။ ယခု ဗီဒီယိုထဲတွင် တရုတ်နိုင်ငံ၌ ရိုးရာမပျက်ကျင်းပခဲ့သော ဆောင်းဦးလလယ် ပွဲတော်၌ သမ္မတရှီ က မိသားစုပြန်လည်ဆုံစည်းမှုနှင့် လမုန့်များကို...
ပေကျင်း ၊ စက်တင်ဘာ ၂၁ (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေ ပြည်နယ်တွင်ရှိသော မဟာတံတိုင်းကြီး၏ ကျင်းရှန်လင်းအပိုင်းတွင် ပြန်လည် ပြုပြင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ မဟာတံတိုင်းကြီးကို ပြုပြင်ရာတွင် မည်သို့သော စိန်ခေါ်မှုများ ရှိနိုင်မည်နည်း။ (Xinhua) ———————————– (English Version) GLOBALink |...
ပေကျင်း၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) လာမည့်Shenzhou-13 လူတင်အာကာသယာဉ်ခရီးစဉ်အတွက် အထောက်အပံ့ပစ္စည်းများ သယ်ဆောင်သွားသည့် တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် Tianzhou-3သည် တနင်္လာနေ့တွင် အာကာသစခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့သည်။ ထိုသို့ ချိတ်ဆက်မှုသည် ကွန်ပြူတာဖြင့်တွက်ချက်စီမံခြင်းဖြစ်ရာ အချိန်(၆.၅)နာရီခန့် ကြာ ဆောင်ရွက်ခဲ့ရသည်။ Tianzhou-3တွင် လာမည့် လူတင်အာကာသယာဉ် Shenzhou-13ခရီးစဉ်အတွက် အလေးချိန်...
ပေကျင်း၊စက်တင်ဘာ ၂၁ ( ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဆန်းသစ်မှုအပြုလုပ်ဆုံး ဆန်းကျန့်မြို့မှ ဗိသုကာပညာရှင်များသည် မြို့အမည်ရရှိရန်အတွက် ပြည်သူ့ဥယျာဉ်များအား သရီးဒီနည်းပညာများဖြင့်ဆောက်လုပ်လျှက်ရှိသည်။ (Xinhua) ———————————– (English Version) 3D-printed park built in Shenzhen, China Shenzhen is one of China’s...
ကူမင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် ယခုနှစ် ပထမရှစ်လတွင် ကုန်သွယ်ရေး တိုးတက်မှု အားကောင်းခဲ့ကြောင်း သိရသည်။ ယူနန်ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းသည် ဇန်နဝါရီလမှ ဩဂုတ်လအထိ ယွမ် ၁၉၉.၀၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀.၈ ဘီလီယံခန့်) ရှိခဲ့ရာ...
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Upper Dir ခရိုင်ရှိ Jirga ဒေသခံမျိုးနွယ်စုတရားရုံးတစ်ခုတွင် အုပ်စုနှစ်စုကြား အမှုစစ်ဆေးကြားနာချိန်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၉ ဦးသေဆုံးပြီး အခြားသူ ၂၀ ဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဆိုပါ...