မော်စကို ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ပျက်ကျသွားသည့် ရုရှားနိုင်ငံ An-26 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်တွင် လိုက်ပါသူ ၆ ဦးလုံး သေဆုံးသွားကြောင်း TASS သတင်းအေဂျင်စီက စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံလိုကြောင်း အသစ်ဖွဲ့စည်းလိုက်သော အာဖဂန်နစ္စတန် အစိုးရ၏ ယာယီနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။
အိုရန်ဘာ့ဂ်၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု(SCO)အဖွဲ့ဝင်နိုင်ငံများ အကြမ်းဖက်နှိမ်နှင်းရေး စစ်ရေးလေ့ကျင့်မှုများကို ကြာသပတေးနေ့က ရုရှားနိုင်ငံ အိုရန်ဘာ့ဂ်ရှိ Donguzလေ့ကျင့်ရေးကွင်းတွင် ကျည်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ယခုနှစ်များတွင် တရုတ်နိုင်ငံသည် ရထားလမ်းကို အဓိကထား၊ ကုန်လမ်းကို အခြေခံထား၊ ရေလမ်းပို့ဆောင်ရေးနှင့် လေကြောင်းပို့ဆောင်ရေးအားသာချက်ကို အပြည့်အဝအသုံးချနိုင်ခဲ့ရာ နိုင်ငံ၏အထွေထွေလမ်းပန်းဆက်သွယ်ရေး ရုပ်လုံးသည် တစ်နေ့တစ်ခြားပို၍ ပြည်စုံလာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက် မြန်နှုန်းမြင့်ရထားလမ်းသည် လူပေါင်းတစ်သန်းကျော်ရှိသည့် မြို့များ၏ ၉၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်ပြီဖြစ်သည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂက အာဖဂန်နစ္စတန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မပြိုလဲစေရေး ကူညီရန် အရေးပေါ်ရန်ပုံငွေများထဲသို့ အမေရိကန်ဒေါ်လာ ၄၅ သန်း ချထားပေးကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။
ချုံချင့်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှ ထွက်ခွာလာသော ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့သို့ စက်တင်ဘာ ၂၃ ရက်က ရောက်ရှိလာခဲ့သည်။ အဆိုပါ ရထားသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ရထားလမ်းဝန်ဆောင်မှုအသစ် စတင်ခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။
အစ္စလမ်မာဘတ် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ကရာချိမြို့၌ စက်တင်ဘာ ၂၃ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လမ်းများပေါ်တွင် ယာဉ်အသွားအလာပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
စတော့ဟုမ်း ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ မသေချာမရေရာမှုများကြောင့် ယခုနှစ်အတွက် နိုဗယ်လ်ဆုရရှိသူများအနေဖြင့် ၎င်းတို့၏ မိခင်နိုင်ငံတွင်သာ ဆုကို အသီးသီးလက်ခံရယူသွားရမည့် ဒုတိယမြောက်နှစ်ဖြစ်လာကြောင်း နိုဗယ်လ်ဖောင်ဒေးရှင်းက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့သည် “စိမ်းလန်းသောမြို့ပြ”တစ်ခု စံနမူနာအဖြစ် ရည်မှန်းချက်အတိုင်းအကောင်အထည်ဖော်ရန် Pudong ဒေသသစ်ရှိ Longyang ဘူတာရုံအမိုးပေါ်၌ဆိုလာပြားများတပ်ဆင်ကာ ဆိုလာစွမ်းအင်ထုတ်စက်ရုံအဖြစ်ပြောင်းလဲခဲ့သည်။ အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံအစိုးရ၏ ၂၀၆၀ ပြည့်နှစ်တွင် ကာဘွန်ထုတ်လွှတ်မှုကင်းစင်စေမည့် ရည်မှန်းချက် အား အကောင်အထည်ဖော်ဆောင်သည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်။ ရှန်ဟိုင်းမြို့သည် လူဦးရေသန်း၃၀...
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် စက်တင်ဘာ ၂၁ရက် တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်တစ်ရပ်ကိုဖော်ဆောင်ရန်အဆိုတင်သွင်းခဲ့သည်။ ရှီက ယုံကြည်ချက်မြင့်မြင့်ထားကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့်ခြိမ်းခြောက်မှုများအား အတူပူးပေါင်းရင်ဆိုင်ဖြေရှင်းရင်း အားလုံးအတွက် ပိုမို ကောင်းမွန်သည့် ကမ္ဘာကြီး တစ်ခုတည်ဆောက်ရန်တိုက်တွန်း ပြောကြားခဲ့သည်။