ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) အာဖဂန်တာလီဘန်စစ်သွေးကြွများက ယခုအခါ စစ်မက်ဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ခရိုင်အရေအတွက် တစ်ဝက်ကျော်ဖြစ်သည့် ခရိုင်ပေါင်း ၄၁၉ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
ပါရီ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) ယခုကာလများတွင် အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာများအနက် ၉၀ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများဖြစ်ကြောင်း၊ ပြညသူလူထုအနေဖြင့် ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းကြောင်း ပြင်သစ်ဝန်ကြီးချုပ် Jean Castexက ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Bajaur ခရိုင်ရှိ ရေလှောင်ကန်ကြီးအတွင်း ဇူလိုင် ၂၁ ရက်တွင် လှေသုံးစီး နစ်မြုပ်ပြီးနောက် လူ ၄ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၁၇ ဦး ပျောက်ဆုံးနေကြောင်း...
ပေကျင်း ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါသည် “ဓာတ်ခွဲခန်းမှလွတ်ထွက်လာခြင်း” ဟူသည့် အယူအဆကို တရုတ်နိုင်ငံပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၂၁ ရက်တွင် နောက်တစ်ကြိမ်ထပ်မံပယ်ချလိုက်ပြီး ယင်းမှာ အခြေအမြစ်မရှိသော အလိမ်အညာဇာတ်လမ်း တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျိန့်ကျိုး၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ကျိန့်ကျိုးမြို့တွင် စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ လမ်းခရီးနှောင့်နှေးမှုများနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ချန်ရှား၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် ငလျင်ဒဏ်နှင့် တိုင်ဖွန်းမုန်တိုင်းဒဏ်ခံနိုင်ရည်ရှိသည့် ၁၁ ထပ် အမြင့်ရှိသော အဆောက်အဦတစ်လုံးကို အချိန် ၂၈ နာရီအတွင်းအပြီးတည်ဆောက်ခဲ့သည်။ ယင်းအဆောက်အဦတွင် ပြင်ပမှ ၁၀၀ ရာခိုင်နှုန်းသန့်စင်ပြီးသော လေသန့်စင်စနစ် ကို ထည့်သွင်းအသုံးပြုထားသည်။ အခန်းများကို လအတန်ကြာ သန့်ရှင်းရေးလုံးဝ...
ပေကျင်း၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအမျိုးသားစီမံခန့်ခွဲမှုလုပ်ငန်းများအရ ပေကျင်းမြို့တွင် ဇူလိုင် ၂၀ ရက်မှစ၍ အသက် (၁၂)မှ အသက်(၁၇)နှစ်အတွင်း လူအုပ်စုများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ဘက်စုံလုပ်ဆောင်နေပြီဖြစ်ကြောင်း ပေကျင်းမြို့ ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညွှန်ကြားမှုအဖွဲ့ ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့မှ သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယတစ်နိုင်ငံလုံး၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၄၂,၀၁၅ ဦး တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၁ ရက်အထိ COVID-19 ကူးစက်ခံရသူစုစုပေါင်း ၃၁,၂၁၆,၃၃၇ ဦး အထိမြင့်တက်လာခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များတွင်ဖော်ပြထားသည်။
ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ထိပ်တန်း ကားထုတ်လုပ်ရေးလုပ်ငန်း Great Wall Motors (GWM)က နိုင်ငံ၏ စွမ်းအင်သစ်လျှပ်စစ်မော်တော်ယာဉ်များတီထွင်ထုတ်လုပ်မှုအကြားဟိုက်ဒရိုဂျင်လောင်စာသုံး မော်တော်ယာဉ်များအား တီထွင်ခဲ့ကြောင်းသိရသည်။
ဘန်ကောက်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးရန် အစိုးရဝန်ကြီးများအဖွဲ့က e-voucher ကမ်ပိန်းကို သက်တမ်းတိုးရန် ဇူလိုင် ၂၀ ရက်က ခွင့်ပြုခဲ့ကြောင်း သိရသည်။