ရှီးကျားကျွမ်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ပေကျင်း-ထန်ရှန်း မြို့ချင်းဆက်ရထားလမ်းပိုင်း၏ ဒုတိယမြောက်အပိုင်း ၌ ရထားသံလမ်းအောက်ခံဆက်ကြောင်းများ မပါဘဲ ရက်မအပိုင်းများတပ်ဆင်ရာတွင် နောက်ဆုံးရက်မအား ပြီးခဲ့သည့် ကြာသပတေးနေ့က တပ်ဆင်ပြီးစီးခဲ့သည်။ ယခုဖောက်လုပ်နေသည့် ရထားလမ်းပိုင်းမှာ ပေကျင်း-ဟာအယ်ပင်း အမြန်လမ်းပေါ်ရှိ အကြီးဆုံး တံတားကြီးအား ဖြတ်သန်းဖောက်လုပ်နေခြင်းလည်းဖြစ်သည်။ ဒုတိယမြောက်အပိုင်းတွင် ရထားသံလမ်းအောက်ခံဆက်ကြောင်းများမပါဝင်သည့် ရက်မအပိုင်း...
တိုကျို ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသမီးဂျွမ်းဘားအသင်းမှ အိုလံပစ် အရံကစားသမား Kara Eaker သည် တိုကျိုမြို့အနီး လေ့ကျင့်ရေးစခန်းတစ်ခု၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ရီယာ့ဒ် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံက ဟာ့ဂျ်ဘုရားဖူးရာသီတွင် လက်ရှိအချိန်ထိ COVID-19 ရောဂါနှင့် အခြား ကူးစက်တတ်သောရောဂါများမှ ကင်းလွတ်သည်ဟု ကြေညာခဲ့ကြောင်း Al Ekhbariay ရုပ်မြင်သံကြားက သတင်းဖော်ပြခဲ့သည်။
ဒမတ်စကက်စ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်ရှိ စစ်ဖက်ဆိုင်ရာပစ်မှတ်များကို ဇူလိုင် ၁၉ ရက် ညပိုင်းတွင် ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း SANA နိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကဘူးလ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ သမ္မတနန်းတော်အား ဦးတည်၍ ယနေ့ ဇူလိုင် ၂၀ ရက်တွင် ဒုံးကျည်အစင်းပေါင်းများစွာဖြင့် ပစ်လွှတ်တိုက်ခိုက်ခံရကြောင်း ၊ သို့သော် ပစ်မှတ်ကိုထိမှန်ခြင်းမရှိကြောင်း အစိုးရအရာရှိများ နှင့် မီဒီယာက ဖော်ပြခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) ဇူလိုင် ၁၉ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံတွင် ထပ်တိုး ကိုဗစ်အတည်ပြုလူနာအသစ် ၆၅ ဦး ရှိရာ ၎င်းအနက် ပြည်ပကူးစက် ၅၇ ဦး (ယူနန် ၄၁ ဦး၊ ကွမ်တုန်း...
ဘန်ကောက် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်နှံ့မှုအား ထိန်းချုပ်ရန် အလို့ငှာ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များသွားလာမှုကို ဇူလိုင် ၂၁ ရက်မှစတင်၍ ထပ်မံကန့်သတ်သွားမည် ဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ပြောခွင့်ရပုဂ္ဂိုလ် Taweesin Visanuyothin က ဇူလိုင် ၁၉ ရက်တွင်...
ဘဂ္ဂဒတ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ အရှေ့ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇူလိုင် ၁၉ ရက်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၂၈ ဦးသေဆုံးပြီး အခြား ၆၆ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အီရတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းအရင်းအမြစ်က ဆိုသည်။
ပေကျင်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ပြီးခဲ့သည့်သောကြာနေ့ မွန်းလွဲ ၁ နာရီမှ စနေနေ့ ညနေ ၄ နာရီအထိ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မိုးရေချိန် ၆၁.၃ မီလီမီတာ အထိရှိခဲ့ကြောင်း မြူနီစပယ်မိုးလေဝသဌာနမှ တနင်္ဂနွေနေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။ မြူနီစပယ်ရေကြောင်း ဆိုင်ရာ ဗြူရိုမှ...
ပေကျင်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ က ချန်အဲ 5 လဆင်းယာဉ်ဖြင့် စပါးစေ့ အလေးချိန် ၄၀ ဂရမ်ခန့် ကို ပြီးခဲ့သည့်နိုဝင်ဘာလတွင် လကမ္ဘာဆီသို့ ပို့ဆောင်ခဲ့သည်။အာကာသထဲတွင် ရက်ပေါင်း ၂၃ ရက်ကြာစိုက်ပျိုးပြီးနောက် အဆိုပါ စပါးစေ့များအား ကမ္ဘာမြေသို့ပြန်လည်သယ်ဆောင်လာခဲ့သည်။ ဖေဖော်ဝါရီ ၂၆...