ဂျကာတာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း Aceh ပြည်နယ်၊ Aceh Jaya ခရိုင်တွင် ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းမှစ၍ အဆက်မပြတ်ရွာသွန်းသောမိုးကြောင့် ကျေးရွာ ၄၀ ထက်မနည်း ရေလွှမ်းမိုးမှု ကြုံတွေ့နေရကြောင်း ဒေသခံ သဘာဝဘေးလျော့ပါးရေးအေဂျင်စီက ပြောကြားခဲ့သည်။
ဂျေရုဆလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်သည့် Pifzer ကာကွယ်ဆေး အကျိုးအာနိသင် ထိရောက်မှုပမာဏသည် ၆၄ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၅ ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မော်စကို ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)
မနီလာ ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ စစ်ဘက်လေယာဉ်ပျက်ကျမှုအတွင်း ဆေးရုံသို့ ပို့ဆောင်ထားသော အပြင်းအထန် ဒဏ်ရာရရှိသူ စစ်သားနှစ်ဦး ထပ်မံ သေဆုံးသွားခဲ့သဖြင့် သေဆုံးသူပေါင်း ၅၂ ဦးထိ မြင့်တက်လာခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က ဇူလိုင် ၅ ရက်ထိ...
ဘန်ကောက် ၊ဇူလိုင် ၆ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံဘန်ကောက်မြို့အနီး ဇူလိုင် ၅ ရက်က ဖြစ်ပွားသော ဓာတုစက်ရုံပေါက်ကွဲမှုတွင် မီးလောင်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး အနည်းဆုံး အခြား လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန် ၊ ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့နှင့် ဇူလိုင် ၅ ရက်က ပြုလုပ်သော အွန်လိုင်းထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့တော်မှ တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ရှီက ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို သင့်လျော်မှန်ကန်စွာ တုံ့ပြန်ရာတွင် နှစ်ဖက်စလုံးအနေဖြင့် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်သွားရန် အတွက် တရုတ်...
ချိန်တူး၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံကြီးတည်ဆောက် လျက်ရှိရာ အဆိုပါ စက်ရုံ၏ ပထမယူနစ် နှစ်ခု မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ယင်းမှာ တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာဘွန်ထုတ်လုပ်မှု ကင်းစင်ရေးရည်မှန်းချက်များ ကို ဖြည့်ဆည်းရာရောက်သည်။ Baihetan ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကြီးအပြည့်အဝ...
နင်းရှ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Zhongwei မြို့တွင် ၁,၈၂၈ မီတာ အရှည်ရှိသည့် Weimin မြစ်ဝါမြစ်ကူးတံတားသစ်အား မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။ယင်းတံတားမှာ မြစ်ဝါမြစ်ကို ကူးဖြတ်ရန်ဖောက်လုပ်ထားသော ၁၈ စင်းမြောက်တံတားလည်းဖြစ်သည်။ တံတားကြီးဖြင့် Zhongwei မြို့...
ပေကျင်း၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (၁.၃)ဘီလီယံကျော် ထိုးနှံပြီးဖြစ်ရာ ကိုယ်ခံစွမ်းအား မဟာတံတိုင်းကို တစ်ဆင့်တိုး တည်ဆောက်နိုင်ခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အစိုးရဆန့်ကျင်ရေး တာလီဘက်လက်နက်ကိုင်များသည် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း Kandahar ပြည်နယ်၏ အရေးကြီးသည့်ဒေသ Panjwayiကို သိမ်းပိုက်လိုက်ပြီဖြစ်ရာ ပြည်သူလူထုအမြောက်အမြား ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ယင်းပြည်နယ်အစိုးရအရာရှိတစ်ဦးက ဇူလိုင် ၄ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။