ဗီယင်ကျန်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ၌ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်မျိုးစိတ် Delta ကို လူ ၃ ဦးထံတွင် ပထမဆုံး စစ်ဆေးတွေ့ရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် အတည်ပြုခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ၏ COVID-19 ကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ကူးစက်မြန် Delta မူကွဲဗိုင်းရပ်စ် အပါအဝင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များအား ကာကွယ်နိုင်သည့်အလားအလာရှိသည်ကို ဓာတ်ခွဲခန်းတွေ့ရှိချက်က ဖော်ပြထားကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) G20အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီနှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန် ၂၉ ရက် ပေကျင်းမြို့မှ ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့သည်။
ဂျီနီဗာ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဇွန် ၃၀ ရက်၌ တရုတ်နိုင်ငံအား ငှက်ဖျားရောဂါ ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့် နိုင်ငံ အသိအမှတ်ပြုလက်မှတ်ပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံတွင် ၁၉၄၀ ပြည့်လွန်နှစ်များတွင် လူပေါင်း သန်း ၃၀ ခန့် ငှက်ဖျားရောဂါကူးစက်ခံရကြောင်း ၊ နှစ်ပေါင်း...
အော့တဝ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ကနေဒါ နိုင်ငံ နှင့် အမေရိကန် နိုင်ငံ ရှိ အချို့သော ဒေသများတွင် အပူလှိုင်းဖြတ်သန်း တိုက်ခတ်မှုကြောင့် အပူချိန်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်သစ်များ တင်ခဲ့ကြောင်း သိရသည်။
ဂျာကာတာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကမ်းလွန်၌ ဇွန် ၂၉ ရက်က လူပေါင်းများစွာလိုက်ပါလာသော ခရီးသည်တင်သင်္ဘောတစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၆ ဦး သေဆုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦး နှင့် ရဲအရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC)တွင် ဇွန် ၅ ရက်အထိ ပါတီဝင် ဦးရေ ၉၅ ဒသမ ၁၄၈ သန်းရှိကြောင်း CPC ဗဟိုကော်မတီ အဖွဲ့အစည်းဌာနက ဇွန် ၃၀ ရက်တွင် ကြေညာခဲ့သည်။ (Xinhua) ——————————————————– (English Version)...
ဝါရှင်တန် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး ယင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဇွန် ၂၈ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ အရှေ့ပိုင်း ဆစ်ဒနီမြို့နှင့် မြောက်ပိုင်း ဒါဝင်မြို့ကို လော့ခ်ဒေါင်းချပြီးနောက် အနောက်ပိုင်းရှိ ပါ့သ်မြို့ကို ဇွန် ၂၉ ရက်တွင် လော့ခ်ဒေါင်း (၄)ရက်ချခဲ့ရာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် Delta၏ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ဖြစ်ကြောင်း သိရသည်။
ဒါကာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိ COVID-19 အခြေအနေအရ ဇူလိုင် ၁ ရက်မှစ၍ တစ်နိုင်ငံလုံးလော့ခ်ဒေါင်း (lockdown) ဆောင်ရွက်မည်ဖြစ်သဖြင့် ပညာရေးဌာနများ ပိတ်ထားခြင်းကို နောက်ထပ်တစ်လ ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရသည်။