Connect with us

Africa & Middle East

လက်နက်ကိုင်တိုက်ပွဲများအတွင်း အီရန်နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ဦး သေဆုံး

အီရန်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ်ဒေသတွင် ဧပြီ ၂၆ ရက် က အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် လက်နက်ကိုင်အုပ်စုများ တိုက်ပွဲများဖြစ်ပွားခဲ့ရာ သေဆုံးသူ ၉ဦးရှိလာကြောင်း Mehr သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။

Baluchestan နှင့် Sistan ပြည်နယ်ရှိ Mirjaveh နယ်စပ်အမှတ်တစ်ခု တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ဦးသေဆုံးခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် လက်နက်ကိုင်တပ်ဖွဲ့များက ပစ်မှတ်ထားတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း တီဟီရန်တိုင်းမ်နေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။

အီရန်နိုင်ငံ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Saeed Montazerolmahdi က “ကျွန်တော်တို့ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ပါကစ္စတန်ပိုင်နက်ထဲကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ” ဟုပြောကြားခဲ့ကြောင်း သတင်းစာ ကဖော်ပြခဲ့သည်။

၎င်းက “ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီတိုက်ခိုက်မှုမှာ အဝေးပစ်လက်နက်တွေကို အသုံးပြုခဲ့ကြပါတယ်” ဟုပြောကြားခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အီရန်နိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့တောင်ပိုင်း နယ်စပ်ဒေသများတွင် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်နက်ကိုင် မူးယစ်ဆေးဝါးရောင်းဝယ်သူများ နှင့် တိုင်းရင်းသား ဆွန်နီသူပုန်များနှင့် လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.