Connect with us

Africa & Middle East

ဒမတ်စကက်မြို့ နိုင်ငံတကာလေဆိပ်တွင် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွား

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဒမတ်စကက်မြို့ နိုင်ငံတကာလေဆိပ် ပတ်ဝန်းကျင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကက်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကက်မြို့ ရှိ နိုင်ငံတကာလေဆိပ် အနီးအနား ဧရိယာတွင် ဧပြီ၂၇ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးကြောင်း နှင့် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လေဆိပ်အနီး၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေဆိပ်အနီးတွင် ပေါက်ကွဲသံများစွာ ကြားခဲ့ရပြီး လေဆိပ်တည်ရှိရာ ဒမတ်စကက်တောင်ပိုင်း အနီးရှိ လူများသည် ပေါက်ကွဲသံများကြောင့် အိပ်ယာမှပင် နိုးလာခဲ့ကြကြောင်း သိရသည်။

ရုရှားသတင်းဋ္ဌာနခွဲများ က လေဆိပ်အား အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှု ငါးခု ပြုလုပ်ခဲ့ကြောင်း နှင့် ၎င်းတို့၏ ပစ်မှတ်ကို ရှင်းလင်းစွာ သိရှိခြင်းမရှိကြောင်း ဖော်ပြခဲ့သည်။ လေဆိပ်တွင် စစ်တပ်အတွက် အပိုင်းတစ်ပိုင်းပါရှိပြီး ယင်းအပိုင်း၌ စစ်လေယာဉ် နှင့် လက်နက်ခဲယမ်းများ ထားရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် အစ္စရေးတို့၏ တိုက်ခိုက်မှုဖြစ်ပါက ဆီးရီးယားအပေါ် အစ္စရေးတို့က ပထမဆုံးအကြိမ်တိုက်ခိုက်မှု မဟုတ်ဘဲ မကြာသေးမီက ဆီးရီးယားရှိ စစ်တပ်တည်နေရာများကို အစ္စရေးတို့ က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.