Asia
WannaCry Ransomware ကို ကာကွယ်ထားရန် ဗီယက်နမ် တိုက်တွန်း

ဟနွိုင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနအောက်ရှိ ဗီယက်နမ် ကွန်ပြူတာ အရေးပေါ်နှင့် တုန့်ပြန်ရေး အဖွဲ့ (VNCERT) က နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအနေဖြင့် WannaCry Ransomware ဆိုက်ဘာတိုက်ခိုက်ခံရခြင်းမှ ကြိုတင်ကာကွယ်ထားကြရန် တိုက်တွန်းထားကြောင်း သိရသည်။
အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းရှိ ဗဟို အစိုးရ၊ ဝန်ကြီးအဆင့် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ခေါင်းဆောင်များ အနေဖြင့် WannaCry Ransomware ဆိုက်ဘာတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ထားရန်နှင့် ပျံ့နှံ့မှု မရှိစေရေးအတွက် တိုက်တွန်းထားခြင်း ဖြစ်ကြောင်း ဒေသခံ အွန်လိုင်း သတင်းစာ Bao Dau Tu (Vietnam Investment Review) က မေလ ၁၆ ရက်တွင် သတင်းဖော်ပြထားသည်။
VNCERT ၏ ထုတ်ပြန်ချက်အရ အဆိုပါ Ransomware မှာ အလွန် အန္တရာယ်ကြီးကြောင်း၊ ဆာဗာ စနစ် တစ်ခုလုံးရှိ အချက်အလက်များနှင့် encrypt များအား ခိုးယူနိုင်ကြောင်း၊ ကွန်ပြူတာအတွင်း သုံးစွဲထားသည့် စနစ် အားနည်းချက်များအလိုက် ဟက်ကာများက တိုက်ခိုက်နိုင်သလို ယင်း၏ အကျိုးဆက်မှာလည်း ကြီးမားနိုင်ကြောင်း သိရသည်။
မိမိ၏ ကွန်ပြူတာ စနစ်များအား နီးကပ်စွာ စောင့်ကြည့်ရန်နှင့် IDS/IPS ကဲ့သို့သော Firewall များဖြင့် ဆာဗာများနှင့် update ကာကွယ်ရေးစနစ်များ ချိတ်ဆက်ကာ WannaCry အန္တရာယ်မှ ကြိုတင် ကာကွယ်ထားသင့်ကြောင်း သတိပေးထားသည်။
ဗီယက်နမ်နိုင်ငံရှိ ကွန်ပြူတာ ရာပေါင်းများစွာ၌ နိုင်ငံတစ်ဝန်း ပျံ့နှံ့နေသည့် WannaCry Ransomware ဆိုက်ဘာတိုက်ခိုက်ခံနေရကြောင်း မေလ ၁၅ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံရှိ BKAV လုံခြုံရေး ကုမ္ပဏီကြီးက ဆင်ဟွာ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။ (Xinhua)