Connect with us

Social

ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာတစ်ချို ့တွင် ကြွက်ဝမ်းဖြူများ အစုအပြုံလိုက် ထပ်မံ တွေ့ရှိခဲ့

သေဆုံးနေသည့် ကြွက်ဝမ်းဖြူများအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာတစ်ချို့ အတွင်းသို့ကြွက်ဝမ်းဖြူများ အစုလိုက်အပြုံလိုက် ထပ်မံ ဝင်ရောက်လာခဲ့ဖြင့် ရှာဖွေ နှိမ်နှင်းခဲ့ရာ ယခုအချိန်ထိ အကောင်ရေ ၁၆၆၇ ခန့်အား မြေမြှုပ် ဖျက်ဆီး နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ၅ ရက် နံနက် ၆ နာရီခွဲခန့်က ကံချိုင်ကျေးရွာအုပ်စု ကံချိုင်ကျေးရွာ(အထက်စု) သစ်ပင်များပေါ်ရှိ ကြွက်ဝမ်းဖြူ များကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဒေသခံများက လေးခွ၊တုတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ကြရာ ကြွက်ကောင်ရေ ၁ဝဝ ကို အသေရရှိပြီး မြေမြှုပ်ရှင်းလင်းခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ဆက်လက်၍ နံနက် ၁ဝ နာရီတွင် ကျောက်ချောင်းကျေးရွာ အုပ်စု မှ တာဝန်ရှိသူများနှင့် ဒေသခံများဝိုင်းဝန်းရှာဖွေ နှိမ်နင်းမှုကြောင့် ကြွက်ဝမ်းဖြူ စုစုပေါင်း ၅၁၇ ကောင်ကို အသေဖမ်းဆီးရမိပြီး မြေမြှုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျောက်ချောင်းကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင်လည်း ကြွက်ကောင်ရေ ၅ဝ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကြွက်ဝမ်းဖြူများအား အစုလိုက်အပြုံလိုက်တွေ့ရှိမှုသည် ဟိုင်းကြီးကျွန်းမြို့ရှိ ဇီးချိုင်ကျေးရွာတွင် ဇွန်လ ၃ ရက်က စတင် တွေ့ရှိခဲ့ပြီး ဇွန် ၅ ရက်တွင် ကံချိုင်ကျေးရွာအုပ်စုနှင့် ကျောက် ချောင်းကျေးရွာအုပ်စုတို့တွင် ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း၊ ယခုအချိန်ထိ စုစုပေါင်းအကောင်ရေ ၁၆၆၇ ခန့်အား မြေမြှုပ်ဖျက်ဆီးနိုင်ခဲ့ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117