Connect with us

Politics, Law & Military

မောင်တော ဒေသ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ၉ လ အတွင်း အပြစ်မဲ့ ပြည်သူ သေဆုံးမှု ဇွန်လတွင် အများဆုံးဖြစ်ခဲ့

မောင်တော ဒေသ အတွင်း အပြစ်မဲ့ ပြည်သူများ အကြမ်းဖက် သတ်ဖြတ် ခံရမှု နှင့် ပျောက်ဆုံး စာရင်း(ဓာတ်ပုံ- State Counsellor Office Information Committee)

ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ မောင်တော ဒေသ၌ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ၉ လ အတွင်း အပြစ်မဲ့ ပြည်သူ သေဆုံးမှုအား လအလိုက် နှိုင်းယှဉ် ဖော်ပြချက် အရ ယခု ၂၀၁၇ ခုနှစ် ဇွန်လတွင် အများဆုံး အဖြစ် ၁၀ ဦးထိ ရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်မှု အရ သိရသည်။

မောင်တော ဒေသ အတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၁၇ ခုနှစ်၊ဇွန်လ ၃၀ ရက်အထိ အကြမ်းဖက် သတ်ဖြတ် ခံရမှုကြောင့် အပြစ်မဲ့ ပြည်သူ ၄၁ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သူများ၏ ဖမ်းဆီး ခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ ပြည်သူ ၂၃ ဦး ပျောက်ဆုံးလျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သိရသည်။

မောင်တော ဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် နယ်မြေလုံခြုံရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း ၊ နယ်မြေလုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်နေသကဲ့သို့ပြည်သူ လူထုအနေဖြင့် တပ်မတော်၊ ပြည်သူ့ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း လိုကြောင်း ၊ အတတ်နိုင်ဆုံး ကျေးရွာများ၌ လုံခြုံရေး အဆင့်မြှင့်တင် ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက မောင်တော တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာ၌ ကျေးရွာပြည်သူ လူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117