Connect with us

Politics, Law & Military

ပြည်တွင်း၌ နိုင်ငံခြားသားများနေထိုင်ခွင့် သက်တမ်းတိုးမြှင့် ခြင်းနှင့် ပြည်ပြန်ဝင်ခွင့် ဗီဇာလျှောက်ထားမှုနှုန်းထား ပြင်ဆင်

မြန်မာနိုင်ငံလေဆိပ်တွင် နိုင်ငံခြားသားများအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်ခွင့်သက်တမ်းတိုးမြှင့်ခြင်းနှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာ လျှောက်ထား ခြင်းအတွက် နှုန်းထားပြင်ဆင်သတ်မှတ်ချက်များကို ဇူလိုင် ၁ ရက်မှ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

ထိုသို့ သက်တမ်းတိုးမြှင့်ခြင်းအတွက် ပြင်ဆင်သတ်မှတ်မည့် နှုန်းထားများမှာ နေခွင့်(Stay)ဗီဇာအမျိုးအစားများ အတွက် နေခွင့်ကာလတစ်ရက်မှ သုံးလအထိ ဗီဇာကြေးအား အမေရိကန်ဒေါ်လာ ၅ဝ ဖြင့် လည်းကောင်း၊ သုံးလမှ ခြောက်လအထိ ဗီဇာကြေးအား အမေရိကန်ဒေါ်လာ ၁ဝဝ ဖြင့် လည်းကောင်း၊

ခြောက်လအထက်မှ တစ်နှစ်အထိဗီဇာကြေးအား အမေရိကန်ဒေါ်လာ ၂ဝဝ ဖြင့်လည်းကောင်း၊ တစ်ကြိမ် အထူးပြည်ပြန်ဝင်ခွင့်ဗီဇာ (Single Re-entry Visa) အမျိုးအစားအတွက် နေခွင့်သက်တမ်းအတွင်း အများဆုံး ခြောက်လ အထိ ပြင်ဆင်သတ်မှတ်ပြီး ယင်းအတွက် ဗီဇာကြေးအား အမေရိကန်ဒေါ်လာ ၆ဝ ဖြင့်လည်းကောင်း၊ အကြိမ်ကြိမ် အထူးပြည်ပြန်ဝင်ခွင့်ဗီဇာ (Multiple Journey Special Re-entry Visa) အမျိုးအစားအတွက် နေခွင့်သက်တမ်း အတွင်းအများဆုံး တစ်နှစ်အထိ ပြင်ဆင်သတ်မှတ်ပြီး ယင်းအတွက် ဗီဇာကြေး အား အမေရိကန်ဒေါ်လာ ၂ဝဝ ဖြင့်လည်းကောင်း ပြင်ဆင်သတ်မှတ်ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.