Connect with us

Politics, Law & Military

မြို့သုံးမြို့၌ မူးယစ်ဆေးဝါး အပါအဝင်ငွေကျပ်သိန်းပေါင်း ၈၄၄ဝ၉ ဒသမ ၆၅ သိန်း တန်ဖိုးရှိ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

နောင်ချိုမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါး အပါအဝင်ငွေကျပ်သိန်းပေါင်း ၈၄၄ဝ၉ ဒသမ ၆၅ သိန်း တန်ဖိုးရှိ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ဇူလိုင် ၅ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါး၊ ရွှေ၊ ငွေနှင့်အတူ ဖော်ထုတ် သိမ်းဆည်းရမိမှု၏ ကွင်းဆက်ဖော်ထုတ်ချက်အရ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခန်ကျေးရွာတွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ နောင်ချို နေအိမ်မှ ဘိန်းဖြူ ၂ဝ ဒသမ ၉ ကီလို၊ ဘိန်းဖြူ ဘလောက် တုံး အကြေမှုန့် ၄၅ဝ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝ၉၅ဝ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (င)ရပ်ကွက် ညည-၂/၇၅ လမ်း-၆ဝ(B)ရှိ ဂိုဒေါင်နှင့်အိမ်သာအနီးရှိ အုတ်တံတိုင်းဘေးတွင် ကား ဆီတိုင်ကီအတွင်း မူးယစ်ဆေးဝါးများထည့်၍ မြေမြှုပ်ထားကြောင်း တရားခံ အောင်မင်းထွန်းအား စစ်ဆေးဖော်ထုတ်ချက်အရ သိရှိရသဖြင့် ဇူလိုင် ၇ ရက် ညနေ ၅ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားခံ အောင်မင်းထွန်းပြသ သည့်နေရာကို တူးဖော်ရာ မြေကြီးအတွင်း မြှုပ်နှံထားသည့် ကားဆီတိုင်ကီ အံဝှက်အတွင်းမှ (အိုက်စ် ၁ဝ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် သိမ်းဆည်းမှုဖြစ်စဉ်သုံးခုမှ စုစုပေါင်း မူးယစ်ဆေးဝါး အိုက်စ် ၈ဝ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ဝ၄၉၅ သိန်း၊ ဘိန်းဖြူ ၂ဝ ဒသမ ၉ ကီလို၊ ဘိန်းဖြူဘလောက်တုံး အကြေမှုန့် ၄၅ဝ ဂရမ်၊ ရွှေချိန် စုစုပေါင်း ၂ ပိဿာ ၁၆ ကျပ်သား၊ မြန်မာ ငွေကျပ် သိန်း ၃၆ဝ၊ မော်တော်ယာဉ်ခုနစ်စီး) စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၈၄၄ဝ၉ ဒသမ ၆၅ သိန်းဖိုး သိမ်းဆည်းရမိခဲ့ရာကျော်ဝင်း (ခ)လျိုရုန်းချမ်း (၄၁)နှစ်၊ မဖူးဝေခိုင် (၄၂)နှစ်၊ မိုးဟိန်း(၄၇)နှစ်၊ အောင်မင်းထွန်း (၃၂)နှစ်၊ မရင်ရင်(ခ) မဖန်းကိုင် (၃ဝ)နှစ်နှင့် လောက်ဝူး(ခ) လောက်ရှန်း (စုံစမ်းဆဲ)တို့အား မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေး ယူထားကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117