Connect with us

Latin America

ဘောလုံးပရိသတ်တစ်ဦးသေဆုံးပြီးနောက် ရီယိုအားကစားကွင်းအတွင်းသို့ ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခဲ့ရ

ဘရားဇီးနိုင်ငံ ရှိ Sao Januario အားကစားကွင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယို ဒီ ဂျနေးရိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဘရားဇီးနိုင်ငံ Sao Januario အားကစားကွင်းတွင် ဘောလုံးပွဲကစားနေစဉ် တိုက်ခိုက်မှုများကြောင့် ပရိသတ်တစ်ဦးသေဆုံးသွားပြီးနောက် Vasco da Gama ဘောလုံးအသင်း အား အိမ်ကွင်းပြိုင်ပွဲများကို တံခါးပိတ်ကစားရန် ညွှန်ကြားခဲ့ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) က ဇူလိုင် ၁၀ ရက် တွင် ပြောကြားခဲ့သည်။

ဇူလိုင် ၈ ရက်တွင် Sao Januario အားကစားကွင်း ၌ ကျင်းပခဲ့သည့် ဘရာဇီး စီးရီးအေ ဘောလုံးပြိုင်ပွဲ တွင် Vasco da Gama အသင်း က Flamengo အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားပြီးနောက် အသက် ၂၇ နှစ်အရွယ် Davi Rocha Lopes အမည်ရှိ ပရိသတ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။

ပြိုင်ဘက် ပရိသတ်များ နှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားပြီးနောက် လူ၃ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး လူ ၂ဦးမှာ သေနတ်ဒဏ်ရာများရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အဖွဲ့အစည်း က CBF အနေဖြင့် နောက်ထပ် ဖြေရှင်းချက် မရရှိသေးခင် Sao Januario အားကစားကွင်း ၌ ကျင်းပသည့် ပွဲစဉ်များတွင် ပရိသတ်များဝင်ရောက်ကြည့်ရှုခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဘရာဇီးနိုင်ငံ အားကစားဆိုင်ရာ အထက်ခုံရုံး ကလည်း ဇူလိုင် ၁၀ရက်တွင် သီးခြား ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်၌ အများပြည်သူဆိုင်ရာ လုံခြုံရေး စိုးရိမ်မှုများကြောင့် Vasco အသင်းအား ကွင်းနေရာ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း နှင့် ပိတ်ပင်မှုအား ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ချက်အား CBF နှင့် အတူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

ဘောလုံးပရိသတ်များ ပဋိပက္ခဖြစ်ပွားမှုသည် ဘရာဇီးဘောလုံးလောကကို အချိန်ကြာမြင့်စွာ အကျည်းတန်စေခဲ့ပြီး အထူးသဖြင့် နိုင်ငံ၏ အကြီးဆုံးမြို့များဖြစ်သည့် ရီယို ဒီ ဂျနေးရိုးမြို့ နှင့် ဆော်ပေါ်လိုမြို့များတွင် ပဋိပက္ခများပိုမိုဖြစ်ပွားကြောင်း သိရသည်။

ဖေဖော်ဝါရီလကလည်း ရီယိုတရားရုံးတစ်ခုက ပြည်တွင်းဘောလုံးအသင်းများဖြစ်သည့် Flamengo၊ Fluminense၊ Vasco da Gama နှင့် Botafogo အသင်းတို့၏ ပွဲစဉ်များသို့ ပရိသတ်များ ဝင်ရောက်ကြည့်ရှုခြင်း ကို တားမြစ်ခဲ့ပြီး ဇွန်လတွင် အယူခံမှုကြောင့် ယင်းတားမြစ်မှုအား ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

Globo သတင်းစာ က လွန်ခဲ့သည့် ဆယ်စုနှစ် ၂ခုအတွင်း ဘောလုံးပွဲပဋိပက္ခများကြောင့် အနည်းဆုံး ပရိသတ် ၂၀ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.