Connect with us

Latin America

ဟမ်းဘတ် G20 ထိပ်သီး အစည်းအဝေးအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများအား ကြိုတင်ကာကွယ်သည့်အနေဖြင့် ဂျာမနီမှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ထား

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အတွင်း လုံခြုံရေး တာဝန်ယူနေသော ရဲအရာရှိများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်အတွင်း ဆန္ဒပြသူများ၏ အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ်ရန် သတိပေးချက် ထုတ်ပြန်ထားပြီး စစ်တပ်အား လုံခြုံရေးချထားကြောင်း ဇူလိုင်လ ၅ ရက်တွင် Spiegel သတင်းစာက ရေးသားထားသည်။

တာဝန်ချိန်မဟုတ်သော အချိန်များတွင် ယူနီဖောင်း ဝတ်ဆင်ခြင်းအား ကန့်သတ်ထားကြောင်းနှင့် စစ်တန်းလျားများတွင်ပါ လုံခြုံရေး ဥပဒေ တင်းကျပ်ထားခြင်း ဖြစ်သည်။

ကာကွယ်ရေး ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသည့် ပြည်တွင်း လုံခြုံရေး သတိပေးချက်တွင် ဂျာမန် တန်ပြန် ထောက်လှမ်းရေးလုပ်ငန်း (German Military Counterintelligence Service= MAD) က အကြံပြုထားချက်အရ ဆန္ဒပြ ကာလများ၌ ယူနီဖောင်းဝတ်ကာ မြို့တွင်း လှည့်လည်သွားလာမည့် စစ်သားများအနေဖြင့် လက်ဝဲယိမ်း အစွန်းရောက်များ၏ လျှပ်တပြက် တိုက်ခိုက်မည့် ပစ်မှတ်များ ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။

ဟမ်းဘတ်မြို့ပြတစ်ခွင် ကျယ်ပြန့်စွာ ခြုံငုံမိစေရန် လုံခြုံရေး ညွှန်ကြားချက်များစွာ ထုတ်ပြန်ထားသည့် MAD ၏ သတိပေးညွှန်ကြားချက်၌ စစ်သားများအတွက် လုံခြုံရေးကိုလည်း ဇူလိုင်လ ၅ ရက်မှ ၉ ရက်အထိ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် တာဝန်ချိန်အတွင်း ယူနီဖောင်းများ ဝတ်ဆင်ရမည်ဟု ဆိုသည်။

ဆန္ဒပြသူများသည် ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့များ၌ G20 ကျင်းပမည့်နေရာဝန်းကျင်၌ ဆုံမှတ် ပြုလုပ်ကာ ဥရောပ လက်ဝဲယိမ်း အစွန်းရောက်များက အကြမ်းဖက်မှုလုပ်ရပ်များ လုပ်မည်ဟု ဂျာမန် လက်နက်ကိုင်တပ်ဖွဲ့များက ယုံကြည်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.