Environment, Disasters & Accidents
ရှိမ္မကားသဘာဝတောကို တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ဖော်ဆောင်မည်
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရှိမ္မကားကျေးရွာအနီးရှိ ရှိမ္မကားသဘာဝတောကို တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောအဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တော ဦးစီးဌာနထံမှ သိရသည်။
ရွှေသမင်များပေါ သည့် သဘာဝတောကို စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနက တောရိုင်းတိရစ္ဆာန် သဘာဝအပင်များ ကာကွယ် ရေးနှင့် သဘာဝနယ်မြေ များ ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ရှိမ္မကားတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောအဖြစ် ဖော်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော် ရှိမ္မကားဘေးမဲ့တောကြီး ရေရှည် တည်တံ့စေရန် အတွက် ရှိမ္မကားတောင် တောရကျောင်းတိုက်မှ ဆရာတော် သံဃာတော်များ၊ ဒေသခံ သမင်ချစ်သူအသင်းနှင့်အတူ ပူးပေါင်း၍ သစ်တောဦးစီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။(Xinhua)