Environment, Disasters & Accidents
မြိတ်မြို့အနီးရှိ မြန်မာ့ ပင်လယ်ပြင် အတွင်း ငါးဖမ်းစက်လှေ တစ်စင်း စက်ခန်းအတွင်း ပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့
ရန်ကုန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)
မြန်မာ့ ပင်လယ်ပြင် အတွင်း မြိတ်မြို့၏ အနောက် တောင်ဘက် ရေမိုင် ၇၇ မိုင်ခန့် အကွာတွင် ငါးဖမ်းဝါးလတ် လှေ တစ်စီးသည် သြဂုတ် ၁၃ ရက်တွင် စက်ခန်းအတွင်းပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ထိုစက်လှေတွင် ပဲ့နင်းဖြစ်သူ ဦးဌေးလွင်အပါအဝင် လှေသား ၁၅ ဦး ပါဝင်ပြီး စက်ခန်းအတွင်း ပေါက်ကွဲ၍ မီးလောင်မှုကြောင့် စက်ဆရာ ဦးသက်နိုင်မှာ မီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို မီးလောင်ရာသို့ ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်မတော်သားများက အခြား ငါးဖမ်း စက်လှေများ နှင့်အတူ ဝိုင်းဝန်း မီးငြှိမ်းသတ် ပေးခဲ့ပြီး မီးလောင်ဒဏ်ရာရရှိခဲ့သည့် စက်ဆရာ ဦးသန်းစိုးအား စစ်ရေယာဉ်မှတပ်မတော်သားများက လိုအပ်သည့် ဆေးကုသခြင်းများဆောင်ရွက်ပေးကာ မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ဆက်လက်လွှဲပြောင်း ပို့ဆောင် ကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။
မီးလောင်ခဲ့သည့် ငါးဖမ်း ဝါးလတ်လှေအား သီတာအေး-၂၁ နှင့် သီတာအေး-၂၅ အမည်ရှိ ငါးဖမ်း စက်လှေ နှစ်စင်းတို့က သြဂုတ် ၁၄ ရက်တွင် တွဲဆွဲ၍ မြိတ်မြို့သို့ ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။(Xinhua)