Connect with us

Politics, Law & Military

တရုတ်-စင်ကာပူ နှစ်နိုင်ငံ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်မည်

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ နိုင်ငံရေး နှင့် ဥပဒေရေးရာ ကောင်မရှင်အဖွဲ့ ခေါင်းဆောင် Meng Jianzhu(ယာ)နှင့် စင်ကာပူနိုင်ငံ တရားသူကြီးချုပ် Sundaresh Menon (ဝဲ) တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

တရုတ် နှင့် စင်ကာပူ နိုင်ငံတို့သည် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သြဂုတ်လ ၂၂ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီမှုသည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ နိုင်ငံရေး နှင့် ဥပဒေရေးရာ ကောင်မရှင်အဖွဲ့ခေါင်းဆောင် မန်ဂျင်းဇူး (Meng Jianzhu ) နှင့် စင်ကာပူနိုင်ငံ တရားသူကြီးချုပ် ဆန်ဒရပ်မီနွန် (Sundaresh Menon) တို့၏ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုဟာ ရေရှည်ကာလမှ တရုတ်-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသော အာမခံချက်တစ်ခုပဲ ဖြစ်ပါတယ် ” ဟု CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ မန် က ပြောကြားခဲ့သည်။

နှစ်ဘက်စလုံးအနေဖြင့် တရုတ်- အာဆီယံ ဥပဒေရေးရာ အပြန်အလှန်ဖလှယ်မှုများ နှင့် ခေတ်သစ်ပိုးလမ်းမကြီးမူဘောင်အောက်တွင် ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု ၊ စီးပွားရေးကိစ္စရပ်များ နှင့် လူမှုရေးရာများတွင် တရားစီရင်ရေး ဆောင်ရွက်ခြင်း နှင့် အသိအမှတ်ပြုခြင်း ယန္တရားတစ်ခုကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မန်နွန်က ပြောကြားရာတွင် စင်ကာပူနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့်အတူ နှစ်ဘက်အပြန်အလှန်ယုံကြည်မှု နှင့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံသော ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုကို အနီးကပ်ဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.