China
အာရှအားကစားပွဲ အမျိုးသားဘောလုံးပွဲစဉ်တွင် ၁၆ သင်းအဆင့်သို့တက်လှမ်းရန် တရုတ်အသင်းက မြန်မာအသင်းကို ကျော်ဖြတ်နိုင်
ဟန်ကျိုး၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ယနေ့ စက်တင်ဘာ ၂၁ ရက်၌ ကျင်းပသော ဟန်ကျိုး အာရှအားကစားပွဲ အမျိုးသား ဘောလုံးပွဲစဉ် အုပ်စု အေ (Group A) တွင် တရုတ်အသင်းက မြန်မာအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ရန် တစ်ပွဲသာ ယှဉ်ပြိုင်ရန် ကျန်ရှိကြောင်း သိရသည်။
တရုတ်အသင်းက အိန္ဒိယအသင်းကိုလည်း ၅-၁ ဂိုးဖြင့် အဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည်။
အိမ်ရှင်အသင်းဖြစ်သော တရုတ်အသင်းသည် အောင်နိုင်မှုအရှိန်ကို ဆက်လက်ထိန်းထားကာ မြန်မာအသင်းနှင့် ပွဲစဉ်တွင် ကောင်းမွန်စွာအသုံးချနိုင်ခဲ့ပြီး ခေါင်းတိုက်သွင်းယူသောဂိုး ၃ ဂိုးဖြင့် ကစားပွဲကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
အိမ်ရှင် တရုတ်အသင်းအတွက် ပွဲဦးထွက်ဂိုးကို ပွဲချိန် ၁၅ မိနစ်တွင် ဘယ်ဘက်ခြမ်းမှ Liu Yang ကန့်လန့်ဖြတ်တင်ပေးသောဘောလုံးကို Tan Long က ခေါင်းဖြင့်တိုက်ကာ သွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် အချိန်လေးမိနစ်အတွင်း ညာဘက်ခြမ်းမှ Wang Zhen’ao က ကန့်လန့်ဖြတ်တင်ပေးလိုက်သော ဘောလုံးကို Tan ကပင် နောက်ထပ်တစ်ကြိမ် ခေါင်းတိုက်ကာ အသင်းအတွက် ဒုတိယမြောက်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ပွဲချိန် ၂၂ မိနစ်တွင် Wang က ရုတ်တရက်ရရှိလာသော အခွင့်အရေးကို အမိအရ အသုံးချလျက် ဘောလုံးကိုလေပေါ်မှာပင် တိုက်ရိုက်ကန်သွင်းနိုင်ခဲ့ရာ တရုတ်အသင်းက ၃-၀ ဂိုးဖြင့် ဦးဆောင်ကစားခဲ့သည်။
ထို့အတူ ပွဲချိန် ၄၄ မိနစ်တွင် Dai Weijun က နောက်ထပ် ခေါင်းတိုက်ဂိုးတစ်လုံးသွင်းယူနိုင်ခဲ့ရာ တရုတ်အသင်းက ၄-၀ ဂိုးဖြင့် ပထမပိုင်းပြီးဆုံးသွားခဲ့သည်။
ဒုတိယပိုင်းပွဲစဉ်တွင်လည်း တရုတ်အသင်းက ဦးဆောင်ကစားခဲ့သည်။
ရမှတ် ၆ မှတ်ရရှိကာ ပွဲစဉ်တစ်ပွဲကန်ရန်ရှိနေသော တရုတ်အသင်းသည် ၁၆ သင်းအဆင့်သို့ အလိုအလျောက် တက်ရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………….
(English Version)
China eases past Myanmar to reach last 16 in Asiad men’s football event
HANGZHOU, Sept. 21 (Xinhua) — China beat Myanmar 4-0 at Group A in the Hangzhou Asian Games men’s football competition here on Thursday, reaching last 16 with still one game to play.
China defeated India 5-1 in their opening match. The hosts kept their momentum and took good advantage of their height in the match against Myanmar, hitting three headers home to put the match under control.
Tan Long opened the scoring for the hosts in the 15th minute, as he headed Liu Yang’s left-hand side cross home. Only four minutes later, Tan doubled the lead for China as his header once again hit home thanks to the pinpoint cross from right-hand side by Wang Zhen’ao.
Wang pocketed his own goal with an acrobatic volley in the 22nd minute to gift the hosts a 3-0 lead.
Dai Weijun added another header in the 44th minute and China led 4-0 into the halftime break.
China dominated the second half but they squandered a handful of chances. Elsewhere in Group A, Sunil Chhetri netted an 85th minute winner to gift India a 1-0 victory over Bangladesh.
With six points in hands and still one match to play, China already booked a place in the last 16.
Photo- (SP)CHINA-HANGZHOU-ASIAN GAMES-FOOTBALL-MEN’S ROUND-GROUP A-MYA VS CHN (CN)