Politics, Law & Military
တရုတ်အီဂျစ် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောက်မည်
ရှမိန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အစဉ်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း နှင့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် အီဂျစ်နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောက်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အရှေ့တောင်ပိုင်း ရှမိန်မြို့၌ ပြုလုပ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဈေးကွက်ဖော်ဆောင်မှု ဆွေးနွေးပွဲအတွင်း အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisi အား တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)