Connect with us

Politics, Law & Military

BRICS ရှမိန် ထိပ်သီး အစည်းအဝေးတွင် သဘောတူညီမှုများစွာ ရရှိခဲ့ဟုဆို

BRICS ထိပ်သီ အစည်းအဝေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

၉ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များအကြား နိုင်ငံတကာ အခြေအနေ၊ ကမ္ဘာ အုပ်ချုပ်ရေးနှင့် BRICS ပူးပေါင်းဆောင်ရွက်မှု စသည် အရေးကိစ္စများ၌ သဘောတူညီချက်များစွာ ရရှိခဲ့ကြောင်း စက်တင်ဘာလ ၃ ရက်မှ ၅ ရက်အထိ သုံးရက်ကြာပြုလုပ်ခဲ့သည့် ထိပ်သီး အစည်းအဝေး ပိတ်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီး အစည်းအဝေး၌ BRICS ခေါင်းဆောင်များ၏ ရှမိန် ကြေညာစာတမ်းအား အတည်ပြုခဲ့ကြောင်း၊ ယင်း ကြေညာစာတမ်းတွင် ပွင့်လင်းမှု၊ ပါဝင်မှုနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှု အတွက် ထပ်လောင်း ပြောကြားခဲ့ပြီး ခိုင်မာသည့် BRICS မိတ်ဖက် ဆက်ဆံရေးအတွက် စီမံကိန်းအသစ်နှင့် နယ်ပယ်များစွာ၌ နက်ရှိုင်းစွာ လက်တွေ့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့တောင်ဘက် ရှမိန်မြို့တွင် ပြုလုပ်သော ပေါ်ထွန်းစ ဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဆွေးနွေးပွဲ ထိပ်သီး အစည်းအဝေးသို့ BRICS အဖွဲ့ဝင် နိုင်ငံများနှင့်အတူ အီဂျစ်၊ မက္ကဆီကို၊ ထိုင်း၊ တာဂျစ်ကစ္စတန်နှင့် ဂီနီ စသည့် နိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြောင်း၊ မိတ်ဖက် ဆက်ဆံရေးကို အခြေခံကာ နိုင်ငံအားလုံး ဘုံဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရေး ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုအတွက် ၂၀၃၀ အစီအစဉ်အား အကောင်အထည်ဖော်ရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.