China
အီရန်သမ္မတ လိုက်ပါသွားသော ရဟတ်ယာဉ် ခဲယဉ်းစွာ ဆင်းသက်ခဲ့ရမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မှတ်ချက်ပြု
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ သမ္မတ အီဘရာဟင် ရိုင်စီ လိုက်ပါသွားသော ရဟတ်ယာဉ် မြေပြင်သို့ ခဲယဉ်းစွာဆင်းသက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ လွန်စွာစိုးရိမ်ပူပန်မိကြောင်း၊ သမ္မတနှင့် ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသော အခြားသူများလည်း ဘေးကင်းလုံခြုံမည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၂၀ ရက်၌ ပြောခဲ့သည်။ တရုတ်နိုင်ငံက အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်းနှင့် အီရန်နိုင်ငံ၏ ကယ်ဆယ်ရေးကြိုးပမ်းဆောင်ရွက်မှုများအတွက် လိုအပ်သော အကူအညီများအားလုံးကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ (Xinhua)
……………………………………..
(English Version)
Chinese FM spokesperson’s remarks on “hard landing” of helicopter carrying Iranian president
BEIJING, May 20 (Xinhua) — China is deeply concerned over the “hard landing” of the helicopter carrying Iranian President Ebrahim Raisi and hopes President Raisi and the others aboard are safe and sound, a Chinese foreign ministry spokesperson said on Monday. The spokesperson said that China is closely following the situation and will provide all necessary support and assistance for Iran’s rescue efforts.
This photo taken on May 19, 2024 shows a screen displaying footage by the national Iranian television on the search and rescue work after a helicopter hard landing in East Azarbaijan province, Iran. (Xinhua/Shadati)