Connect with us

Myanmar

မြန်မာနိုင်ငံတွင် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများကို Facebook စာမျက်နှာများတွင် ရောင်းဝယ်သည့်လုပ်ငန်း (၁၆) ခုကို အရေးယူ

တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများကို Facebook စာမျက်နှာများတွင် ရောင်းဝယ်သည့်လုပ်ငန်း (၁၆)ခုအား အရေးယူသည့် ထုတ် ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-ဗဟိုဘဏ်)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ Facebook စာမျက်နှာများပေါ်တွင် နိုင်ငံခြားငွေများကို ရောင်းချခြင်း၊ ဝယ်ယူခြင်းလဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေသည့် လုပ်ငန်း (၁၆) ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (မေ ၂၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အရေးယူခံရသည့် လုပ်ငန်းများသည် ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင် ၊ Moe Latt၊ Si Thu & bro များ ၊ ရန်ကုန်ငွေဈေး၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange ၊ ဒေါ် လာရောင်းဝယ်၊ December Snow ၊ June Lin Htet Naing ၊ Htet Yan Money Exchange ၊ Global Value Services -GVS Money Exchange and Transfer ၊ Boss Online Money Exchange Services (Family Money Exchange) ၊ Lucky Sky Gold Smith (Facebook Page) ၊ Nay Myo Htet (Facebook Page) ၊ Gold Market Myan mar (Face book Page) ၊ Ye Mon၊ Naing Lu စသည့် လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ယင်း အဖွဲ့အစည်းများနှင့် ပါဝင်ရောင်းဝယ်သူများအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၃၈) နှင့် (၄၂) တို့အပြင် အများပြည်သူထိခိုက်စေသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)